အခန်း(၄)
လုပ်ငန်းတာဝန်များကိုဇွဲ၊ လုံလ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာဆောင်ရွက်ခြင်း
၉။ နိုင်ငံ့ဝန်ထမ်းများသည်-
- (က) ဝန်ထမ်းအချင်းချင်း၊ ဌာနအဖွဲ့အစည်းအချင်းချင်း ထိရောက်စွာချိတ်ဆက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်။
- ( ခ ) ပေးအပ်သောတာဝန်နှင့်ဝတ္တရားများကိုလိုလားစွာဖြင့် ထိုးထွင်းကြံဆ၍ အချိန်နှင့် တစ်ပြေးညီ မှန်ကန်ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
- ( ဂ ) မိမိလုပ်ငန်းတာဝန်နှင့် နှီးနွှယ်ဆက်စပ်နေသည့် ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။
- (ဃ) လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိစေရန် တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက်ရမည်။