ပြစ်ဒဏ်များနှင့်အကျိုးသက်ရောက်မှုများ
၂၉။ ဝန်ထမ်း စည်းကမ်းဆိုင်ရာ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိ သည့်အခါ ယင်းဝန်ထမ်းအား ချမှတ်နိုင်သည့် ပြစ်ဒဏ် အမျိုးအစား များနှင့် အကျိုး သက်ရောက်မှုတို့မှာ အောက်ပါအတိုင်း ဖြစ်သည်-
ပြစ်ဒဏ် အမျိုးအစား |
အကျိုး သက်ရောက်မှု |
အခြားအကျိုး သက်ရောက်မှု |
---|---|---|
(က) စာဖြင့်သတိ ပေးခြင်း | ပြစ်ဒဏ်ချမှတ်သည့် နေ့မှ ၆လ | ပြစ်ဒဏ်ကာလ အတွင်း ရာထူးတိုးမြှင့် မပေးရ။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(က) |
(ခ)နှစ်တိုးလစာရပ်ဆိုင်းခြင်း (ပြစ်ဒဏ်ကာလသတ်မှတ်ချက် ဖော်ပြရမည်) | (၁)ချိန်နှုန်းလစာတွင် ရှေ့လာမည့် နှစ်တိုးလစာစေ့ရောက်ချိန်တွင်ပြစ်ဒဏ်စတင်သည်။ (၂) နောင်နှစ်တိုး ရွေ့သည့်ပြစ်ဒဏ် ဖြစ်လျှင် ပြစ်ဒဏ် ကာလအတွင်းနှစ်တိုးများဆုံးရှုံးသည်။ (၃) နောင်နှစ်တိုးမရွေ့သည့် ပြစ်ဒဏ်ဖြစ်လျှင် ပြစ်ဒဏ်ကာလအတွင်း စေ့ရောက်ခဲ့သော နှစ်တိုးအဆင့်များကို ထည့်သွင်း စဉ်းစား၍ ပြစ်ဒဏ်ကာလကုန် ဆုံးချိန်တွင် သာမန် ရောက်ရှိမည်ဖြစ်သော နှစ်တိုးအဆင့်ကို ရခွင့်ရှိသည်။ |
ပြစ်ဒဏ်စောင့်ဆိုင်းဆဲ ကာလနှင့် ပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ခ) |
( ဂ ) ရာထူးတိုးမြှင့်ခြင်း ကို ရပ်ဆိုင်းခြင်း (ပြစ်ဒဏ်ကာလ သတ်မှတ်ချက် ဖော်ပြရမည်) | ဝန်ထမ်းကိုရာထူးတိုးမြှင့် ခန့်ထားရန် အလှည့်ကျ ရောက်သည့် အချိန်မှ အစပြု၍ ပြစ်ဒဏ်ကာလရေတွက်ရမည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဂ) | |
(ဃ)လစာနှုန်းအတွင်း လစာလျှော့ချခြင်း(ပြစ်ဒဏ်ကာလ သတ်မှတ်ချက် ဖော်ပြရမည်) | (၁) ပြစ်ဒဏ်ကာလအတွင်းသတ်မှတ် ပေးသည့်လစာသာ ခံစားခွင့်ရှိသည်။ (၂)နောင်နှစ်တိုးများကိုရွေ့သွားစေခြင်းရှိ မရှိသတ်မှတ်ပေးရမည်။ |
ပြစ်ဒဏ်ကာလ အတွင်း ရာထူး တိုးမြှင့်ခြင်းကိုရပ်ဆိုင်းထားရမည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဃ) |
(င) ရာထူးအဆင့်လျှော့ ချခြင်း (ပြစ်ဒဏ် ကာလသတ်မှတ် ချက်ဖော်ပြရမည်၊ ပြစ်ဒဏ်ကုန်ဆုံးလျှင်မူလရာထူးသို့ပြန်လည်ခန့်ထားရမည်။) | (၁)ပြစ်ဒဏ်ကာလအတွင်းလျှော့ချသည့် ရာထူးလစာသာ ခံစားခွင့်ရှိသည်။ (၂)နောင်နှစ်တိုးများကိုရွေ့သွားစေခြင်းရှိ မရှိသတ်မှတ်ပေးရမည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(င) |
|
(စ) ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေခြင်း (ပေးလျော်ရမည့်ငွေကြေးပမာဏသတ်မှတ်ချက်ပါရှိရမည်။) | အမိန့်ချမှတ်သည့် နေ့ မှစ၍ တစ်နှစ် သို့မဟုတ် အကျေပေးလျော်ပြီး သည့်နေ့ ထိုနေ့နှစ်ခုတို့အနက်စောရာနေ့အထိ။ | ပြစ်ဒဏ်ကာလ အတွင်း ရာထူးတိုးမြှင့်ပေးခြင်းမပြုရ။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၃(ဂ)၊ နည်းဥပဒေ ၂၁၀(စ) |
(ဆ)တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက်လစာ အပြည့်ခံစားခွင့် မပြုခြင်း(သို့မဟုတ်) တာဝန်ချိန်အဖြစ်မသတ်မှတ်ခြင်း | တာဝန်ချိန်အဖြစ် မသတ်မှတ်ပါက ပင်စင်လုပ်သက် ရေတွက်ခွင့်နှင့် အခြား ဝန်ထမ်းရေးရာခံစားခွင့်များဆုံးရှုံးသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဆ) | |
( ဇ ) ရာထူးမှထုတ်ပယ်ခြင်း | အမှုထမ်းသက်နှင့် ပင်စင်ခံစားခွင့် အားလုံးဆုံးရှုံးသည်။ | တည်ဆဲနည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများ နှင့်အညီ ကရုဏာကြေး လျှောက်ထားခွင့်ရှိသည်။ နောင်တွင်ဝန်ထမ်းအဖြစ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ သဘော တူညီချက်ဖြင့် ပြန်လည်ခန့်ထားခွင့်ရှိသည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဇ) |
(ဈ)ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း | အမှုထမ်းသက်နှင့် ပင်စင်ခံစားခွင့်အားလုံးဆုံးရှုံးသည်။ | ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရသူကို ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်တွင် ပြန်လည်ခန့်ထားခြင်းမပြုရ။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဈ) |