Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြုသောခံစားခွင့်များ
၃၂။ ဝန်ထမ်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ တာဝန် ထမ်းဆောင်မှုကိုအကြောင်းပြု၍ အောက်ပါခံစားခွင့်များကို ရရှိနိုင်ပါသည်-
- (က) အလုပ်တည်မြဲခွင့်။ အမြဲတမ်းရာထူးတစ်ခုတွင် ခန့်ထား ခြင်းခံရသော ဝန်ထမ်းသည် ထိုရာထူးတွင် တည်မြဲခွင့်ရှိသည်။ ရာထူးအနွယ်ကိုလည်း ရခွင့်ရှိသည်။၁နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (က)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄ (ဂ)၊ နည်းဥပဒေ ၇
- ( ခ ) ရာထူး၏လစာခံစားခွင့်။ ရာထူးဆိုင်ရာတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ သတ်မှတ်ထားသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆ (က)
- (ဂ) နှစ်တိုးခံစားခွင့်။ ချိန်နှုန်းလစာရာထူးတစ်ခုတွင် အမြဲတမ်း ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည် နှစ်တိုးအချိန်စေ့ ရောက်သည့်အခါ နှစ်တိုးခံစားခွင့်ပြုရန် စတင်လျှောက်ထားရန် မလိုဘဲ ယင်းနှစ်တိုးကို ခံစားခွင့်ရှိသည်။၃နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၄ (က)
- (ဃ) ကြိုတင်နှစ်တိုးခံစားခွင့်။ ထူးကဲသာလွန်သော အရည် အချင်းနှင့်အတွေ့အကြုံများရှိခြင်း၊ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခြင်း၊ အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုရှိခြင်းတို့ကြောင့် ကြိုတင်နှစ်တိုး ခံစားခွင့်ပြုနိုင်သည်။ ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်ပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့လည်းကောင်း၊ ယင်းအောက် အဆင့်ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့လည်းကောင်း အဆိုပြု တင်ပြ၍ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။၁နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၄၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၇
- ( င ) ရာထူးတိုးမြှင့်ခြင်းခံစားခွင့်။ ဝန်ထမ်းသည် ရာထူးအဆင့် အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကိုနိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟုယုံကြည်ကျေနပ်မှုရှိလျှင်နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့်ရှိသည်။ ဝန်ထမ်းသည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ်မူတည်၍ သက် ဆိုင်ရာ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှု အရ ချီးမြှင့်မြှောက်စားသည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။ ၂နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၄-က
- ( စ ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်။ ဝန်ထမ်းသည် ဆေးစစ်ခံယူမှုနှင့် နာမကျန်းဖြစ်သည့်အခါ ဆေးကုသမှု ခံယူခွင့်ရှိသည်။၁နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (ဇ)
- (ဆ) ဒေသစရိတ်ခံစားခွင့်။ ပြည်ထောင်စုအစိုးရအဖွဲ့က ဖြစ်စေ၊ယင်းက တာဝန်ပေးအပ်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖြစ်စေ၊ ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသတွင် နေထိုင်လျက်တာဝန်ထမ်း ဆောင်သည့် ဝန်ထမ်းအားလုံးသည် သတ်မှတ်ထားသော ဒေသစရိတ်ကို ခံစားခွင့်ရှိသည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၂
- ( ဇ ) ခွင့်ခံစားခွင့်။ အချိန်ပြည့်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတိုင်းသည် ခွင့်ကိုခံစားခွင့်ရှိသည်။ ဝန်ထမ်းသည် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။၃နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၅၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၀
- ( ဈ ) အငြိမ်းစားယူခွင့်။ ဝန်ထမ်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အငြိမ်းစားယူခွင့်ရှိသည်။၄နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (ဈ)