Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ
၂၈။ ဌာနဆိုင်ရာအရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ် တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-
- (က) စာဖြင့်သတိပေးခြင်း၊
- ( ခ ) နှစ်တိုးလစာရပ်ဆိုင်းခြင်း၊
- ( ဂ ) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊
- (ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊
- ( င ) ရာထူးအဆင့်လျှော့ချခြင်း၊
- (စ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုမလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှု တန်ဖိုးအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
- (ဆ) တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာ အပြည့် ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန် ချိန်အဖြစ် မသတ်မှတ်ခြင်း၊
- ( ဇ ) ရာထူးမှထုတ်ပယ်ခြင်း၊
- ( ဈ ) ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း။၁နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃