ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

မိသားစုပင်စင်အကျိုးခံစားခွင့်

 

မိသားစုပင်စင်အကျိုးခံစားခွင့်

၅၆။ (က) ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း ကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌  ဝန်ထမ်း သက်ပြည့်ပင်စင် ယူခဲ့သည်ရှိသော် ရရှိမည့်ပင်စင်လစာ ၏ ၃/၄ ကို မိသားစုပင်စင်လစာအဖြစ် ဇနီး သို့မဟုတ် ခင်ပွန်း နောက်အိမ်ထောင်ပြုသည့်နေ့ သို့မဟုတ် ကွယ်လွန်သည့် နေ့အထိ ခံစားခွင့်ပြုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀(က)(၃)၊ နည်းဥပဒေ ၂၄၉(က)

( ခ )  ဝန်ထမ်းသည် အငြိမ်းစားယူပြီးနောက်မှ ကွယ်လွန်ခဲ့သော် အငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက် မှစ၍ ဝန်ထမ်းအငြိမ်းစားယူချိန်၌ ရရှိခဲ့သည့် ပင်စင်လစာ ၏ ၃/၄ကိုမိသားစုပင်စင်လစာအဖြစ် ဇနီး သို့မဟုတ် ခင်ပွန်း နောက်အိမ်ထောင်ပြုသည့်နေ့ သို့မဟုတ် ကွယ်လွန်သည့် နေ့အထိ ခံစားခွင့်ပြုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ၂၅၀ (ခ)(၂)၊ နည်းဥပဒေ၂၄၉(က)

၅၇။  မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူသည် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့လျှင် ဝန်ထမ်းသည် အငြိမ်းစား မယူမီကွယ်လွန်ပါက ကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ၊ အငြိမ်းစား ယူပြီးနောက်ကွယ်လွန်ပါက အငြိမ်းစားယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှ စ၍ ၁၅ နှစ်အထိ အငြိမ်းစားယူလျှင်ရရှိမည့် ပင်စင်လစာ၏  ၁/၂ ကိုမိသားစုပင်စင်အဖြစ် ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၅၀ (က) (၄)၊ (ခ) (၃)

၅၉။  အထူးပင်စင်ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီး အမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားသည့်အဖွဲ့ကသာ ခွင့်ပြုနိုင် သည်။  အထူးပင်စင်ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏အတိုင်းအတာကို ထည့်သွင်းစဉ်းစားရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၅

၆၀။ အထူးပင်စင်သည် အခြားနည်းဥပဒေများအရ ဝန်ထမ်း သို့မဟုတ် ဝန်ထမ်း၏မိသားစုခံစားခွင့်ရှိသော ပင်စင် သို့မဟုတ် လုပ်သက်ဆုငွေကို ထိခိုက်ခြင်းမရှိစေရ။  ထို့အပြင်အထူးပင်စင်ခံစားခွင့် ရရှိသည့် ဝန်ထမ်းကို  ဆက်လက်တာဝန်ထမ်းဆောင်စေသည့်အခါ၌ဖြစ်စေ၊ ဝန်ထမ်းအဖြစ် ပြန်လည်ခန့်ထားသည့်အခါ၌ဖြစ်စေ လစာသတ်မှတ်ရာတွင် အထူးပင်စင်ကို ထည့်သွင်းစဉ်းစားခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၇

my_MMMY