ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ကရုဏာကြေး

ကရုဏာကြေး

၆၈။ (က) ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်းသည် တည်ဆဲ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကရုဏာ ကြေးကို လျှောက်ထားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၁၀၊ နည်းဥပဒေခွဲ (ဇ) (၁)

( ခ ) အပိုဒ်ခွဲ(က)အရ ကရုဏာကြေးလျှောက်ထားသည့် ဝန်ထမ်းအား အထူးသက်ညှာစွာစဉ်းစားထိုက်သည့်ကိစ္စ ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းအကြီးအမှူးမှ ထောက်ခံပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ခွင့်ပြုလျှင် ကရုဏာကြေး ခံစားခွင့်ရှိသည်။

လုပ်သက်ဆုငွေ၊ ပင်စင်လစာအကျိုးခံစားခွင့်အခြေပြဇယား

၆၉။ အငြိမ်းစားယူသောအခါရနိုင်မည့် လုပ်သက်ဆုငွေနှင့် ပင်စင်လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆

အငြိမ်းစားဆုငွေနှင့် ပင်စင်လစာတွက်နည်း

လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ – လုပ်သက်ဆုငွေ= (န x လ x ၁၀ဝ%)

 

လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက် (၅) နှစ်ပြည့်ပြီး (၁၀) နှစ် မပြည့်သေးသည့်ကိစ္စ

လုပ်သက်ဆုငွေ= (န x လx ၁၅၀%)

 

ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့်ကိစ္စ

(က) လုပ်သက်ဆုငွေ= (န x လ x ၅၀%)

( ခ ) ပင်စင်လစာ = (နx လx၁.၅%)

 

အညွှန်း။        ။ န= ပင်စင်ခံစားခွင့်ရှိသောလုပ်သက်နှစ်

လ= ပင်စင်မယူမီ နောက်ဆုံးထုတ်လစာ

၇၀။  အငြိမ်းစားမယူမီ ကွယ်လွန်လျှင် လုပ်သက်ဆုငွေနှင့် ပင်စင် လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀ (က)၊ (၁) (၂) (၃) (၄)

 

အငြိမ်းစားမယူမီ ကွယ်လွန်လျှင် ဆုငွေနှင့်ပင်စင်လစာတွက်နည်း

 

(၁)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် တစ်နှစ်ပြည့်ပြီး ငါးနှစ် အောက် – လုပ်သက်ဆုငွေ= (နောက်ဆုံးထုတ်လစာxလုပ်သက်နှစ်)

(၂)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်ငါးနှစ်ပြည့်ပြီး ဆယ်နှစ် အောက် – လုပ်သက်ဆုငွေ – (နောက်ဆုံးထုတ်လစာx၁၂)

(၃)     ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် နှင့်အထက်

(က)   လုပ်သက်ဆုငွေ= လုပ်သက်နှစ် x နောက်ဆုံး ထုတ်လစာ x  ၁/ ၂                သို့မဟုတ် (နောက်ဆုံးထုတ်လစာx၁၂) (များရာခံစားခွင့်ရှိသည်။)

( ခ )   ဇနီး၊ ခင်ပွန်းအတွက်မိသားစုပင်စင်= (လုပ်သက်နှစ်x နောက်ဆုံးထုတ်လစာ x ၁.၅% x ၃/၄  )

( ဂ )   အခြားမိသားစုဝင်များအတွက်မိသားစုပင်စင်= (လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာx  ၁.၅%x     ၁ /၂ )

my_MMMY