အငြိမ်းစားဝန်ထမ်း၏ပင်စင်လစာလျှော့ချခြင်း
၆၆။ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့် ဆုငွေနှင့် ပင်စင်လစာကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ အကယ်၍ အငြိမ်းစားယူသည့် ဝန်ထမ်း၏လုပ်သက်သည် ကျေနပ်ဖွယ်မရှိကြောင်း ခိုင်လုံသည့် အထောက်အထားများရှိပါက ဝန်ထမ်းကို အငြိမ်းစားယူခွင့် ပြုနိုင်သူသည် ပင်စင်ခွင့်မပြုမီ ယင်းဝန်ထမ်းခံစားခွင့်ရှိသော ပင်စင် အနက်မှ သင့်လျော်မည်ဟုယူဆသည့် ငွေအတိုင်းအတာကို လျှော့၍ ခွင့်ပြုနိုင်သည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(က)