Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက်
၅၀။ (က) ဝန်ထမ်းတစ်ဦး၏ လုပ်သက်ကို အသက် ၁၈နှစ် ပြည့်ပြီးမှ စတင် ရေတွက်ရသည်။ ရာထူးတွင် တာဝန်ထမ်းသည့် ကာလများနှင့် အခြားရေတွက်ခွင့်ရှိသည့် ကာလများကို ပင်စင်အလို့ငှာ ရေတွက်သည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၄
(ခ) သို့ရာတွင် လစာမဲ့ခွင့်ကာလ၊ တာဝန်ချိန်အဖြစ်မသတ်မှတ် သော တာဝန်မှယာယီရပ်ဆိုင်းသည့်ကာလများကို ထည့်သွင်း ရေတွက်ခြင်းမပြုရ။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၉၊ နည်းဥပဒေ ၂၁၀ (ဆ) (၁)