ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာအမှတ်၊ ၉၃/၂၀၂၂


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊ ၉၃/၂၀၂၂

၁၃၈၄ ခုနှစ်၊ တော်သလင်းဆန်း ၄ ရက်

( ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံ့ဝန်ထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားရာတွင် တစ်ပြေးညီဖြစ်စေရေးအတွက် လုပ်သက်ရမှတ်တွက်ချက်နည်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် သတ်မှတ်လိုက်သည်။

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားခြင်းအတွက် အရည်အချင်းစစ်ဆေးအကဲဖြတ်ရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ) ပါအတိုင်း အမှတ်ပေးစနစ်အပေါ်အခြေခံ၍ ဝန်ထမ်းတစ်ဦး၏ လုပ်သက်ရမှတ်များ အချိုးကျ အပြည့်အဝရရှိစေရန် နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ခ) ပါ မူလသတ်မှတ်ချက်များအရ တွက်ချက်ရရှိသည့် အဆင့်လိုက်လုပ်သက်ရမှတ်ပေါင်းကို ဝန်ထမ်းလုပ်သက်ရမှတ် တစ်ပြေးညီဖြစ်စေရေးအတွက် အသက် ၁၈ နှစ်မှ သက်ပြည့်အငြိမ်းစားယူရမည့် အသက် ၆၂ နှစ်အထိ လုပ်သက်ပြည့် ၄၄ နှစ် တာဝန်ထမ်းဆောင်ပါက ရရှိမည့် လုပ်သက်ရမှတ်ဖြင့် ၁၀၀% အပေါ် အခြေခံသည့် အောက်ဖော်ပါနည်းလမ်းဖြင့် တွက်ချက်ရမည်-

ဝန်ထမ်းလုပ်သက် ရမှတ်ပေါင်း = အဆင့်လိုက်လုပ်သက်ရမှတ်ပေါင်း


လုပ်သက်ပြည့် ၄၄ နှစ် တာဝန်ထမ်းဆောင်ပါကရရှိမည့်ရမှတ်

x 100

ရှင်းလင်းချက်။          လုပ်သက်ပြည့် ၄၄ နှစ် တာဝန်ထမ်းဆောင်ပါက ရရှိမည့်ရမှတ်ကို လက်ရှိ အဆင့်အလိုက် လုပ်သက်ရမှတ်ပေါင်း + {(၄၄ – ဝန်ထမ်းလုပ်သက်) x ၃ မှတ်} ပုံသေနည်းဖြင့် တွက်ချက်သတ်မှတ်ရမည်။

      ဒေါက်တာမောင်မောင်နိုင်

                  ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY