Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၈၁/ ၂၀၂၂
၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်
( ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ထူးခြားသောအခြေအနေ တစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန်လိုအပ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည်။
၁။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသည် ထူးခြားသောအခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန်လိုအပ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုရာတွင် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို အဆိုပြုရမည်-
- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) ခန့်ထားလိုသော ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့် ကိုက်ညီရမည်။
- (ဂ) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
- (ဃ) ကျန်းမာကြောင်း ဆေးလက်မှတ်တင်ပြနိုင်ရမည်။
- (င) ပါတီနိုင်ငံရေးကင်းရှင်းရမည်။ နိုင်ငံရေးပါတီတစ်ခုခုတွင် ပါဝင်နေသူဖြစ်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်။