အခန်း(၁)
နိဒါန်း
၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၊ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ (ဂ) နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နည်းဥပဒေများ ၊ နည်းဥပဒေ ၂၂ တို့အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက်သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိအဆင့် ရာထူးနှင့်စပ်လျဉ်း၍ ဌာနတွင်းမှဝန်ထမ်းများအား ရာထူးတိုးမြှင့် ခန့်အပ်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူပြီး ရာထူး တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။