ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ်    ၆၉  /၂၀၂၄

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော်   ၁၂   ရက်

(၂၀၂၄  ခုနှစ်၊  ဩဂုတ်လ  ၁ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့်အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာနေသောဝန်ထမ်း၊ ဌာနသို့ပြန်လည်ရောက်ရှိ သတင်းပို့လာသည့်ဝန်ထမ်း၊ အလုပ်ခွင်မှကင်းကွာနေစဉ် သေဆုံးသည့်ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာခံစားခွင့်များရရှိနိုင်ရေးဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် တစ်ပြေးညီဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သတ်မှတ်လိုက်သည်။

 

၁။         ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲမမျှော်မှန်းနိုင်သည့်အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာနေသည့်ဝန်ထမ်း

  • (က) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာပြီး ဝန်ထမ်းပျောက်ဆုံးမှုအခြေအနေ အကြောင်းအရင်းမှန်ကိုသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များမှ ပျောက်ဆုံးကြောင်းသိရှိသည့်နေ့ သို့မဟုတ် ပျောက်ဆုံးသည်ဟု ယူဆဖွယ်ရှိ သည့်အထောက်အထားရရှိသည့်နေ့မှစ၍ တစ်လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂  ပါပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းမှုကိုစစ်ဆေးဆောင်ရွက်ရမည်။ ရှေးဦးစုံစမ်းမှုပြုလုပ်ရာတွင် တွေ့ရှိရသည့်အချက်များအရ ဌာနဆိုင်ရာစစ်ဆေးရန် လိုအပ်ကြောင်း ခိုင်လုံစွာတွေ့ရှိရလျှင် ရှေးဦးစုံစမ်းမှုစစ်ဆေးဆောင်ရွက်ပြီး နှစ်လ အတွင်း ဌာနဆိုင်ရာစစ်ဆေးမှုကို နည်းဥပဒေ ၁၉၄ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာန နှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက တာဝန် ပေးအပ်ဆောင်ရွက်ရမည်။
  • ( ခ ) ရှေးဦးစုံစမ်းရန်တာဝန်ပေးအပ်သည့်အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာကို အဖွဲ့ဖြင့် စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏အစီရင်ခံစာအပေါ်စိစစ်သုံးသပ်၍ အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ်သုံးသပ် ချက်များအရ ဝန်ထမ်းသည် မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်လှုပ်ရှားမှုတစ်ခုခုတွင်ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့ကိုကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိရပါက အဆိုပါဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၃ ပါဝန်ထမ်းစည်းကမ်း ဆိုင်ရာပြစ်ဒဏ်များချမှတ်နိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၈ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၈ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေကြောင်း အရ အရေးယူရမည့်ကိစ္စဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ဆောင်ရွက်ရမည်။
  • ( ဂ ) ရှေးဦးစုံစမ်းရန်တာဝန်ပေးအပ်သည့် အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာကို အဖွဲ့ဖြင့်စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏အစီရင်ခံစာအပေါ်စိစစ်သုံးသပ်၍ အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ်သုံးသပ် ချက်များအရ ဝန်ထမ်းသည်မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့ကို ကျူးလွန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါကပျောက်ဆုံးနေသောဝန်ထမ်း၏ အမွေဆက်ခံခွင့်ရှိသော မိသားစုဝင် များကို ပျောက်ဆုံးကြောင်း သိရှိသည့်နေ့ သို့မဟုတ် ပျောက်ဆုံးသည်ဟုယူဆဖွယ် ရှိသည့်အထောက်အထားရရှိသည့်နေ့မှစ၍ ခြောက်လအထိ ဝန်ထမ်းလက်ရှိ ခံစား နေသော လစာနှုန်းပြည့်နှင့်စရိတ် ခံစားခွင့်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း၏စီမံခန့်ခွဲရေးကော်မတီနှင့်သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ယင်းသဘောထား မှတ်ချက်များနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ပေးပို့၍ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ သဘောထားမှတ်ချက်ရယူရမည်။
  • (ဃ) ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိစိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားရမည်။
  • ( င ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားရယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။
  • ( စ ) ပျောက်ဆုံးနေသောဝန်ထမ်း၏အမွေဆက်ခံခွင့်ရှိသော မိသားစုဝင်များကို ဒုတိယအကြိမ် ခြောက်လဝန်ထမ်းလက်ရှိခံစားနေသောလစာနှုန်းပြည့်နှင့်စရိတ်ခံစားခွင့်ပြုနိုင်ရေးအတွက် ဝန်ထမ်းပျောက်ဆုံးမှုအခြေအနေကိုသုံးသပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ်  အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့ သဘောထားမှတ်ချက်ရယူရမည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားပြန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။
  • (ဆ) အလုပ်ခွင်မှကင်းကွာနေသည့်ဝန်ထမ်းသည် တစ်နှစ်ပြည့်သည်အထိ ပြန်လည်ရောက်ရှိ ခြင်းမရှိပါက သေဆုံးကြောင်းမှတ်ယူပြီး မိသားစုအထူးပင်စင်ခံစားခွင့်ပြုနိုင်ရေးဆောင်ရွက် ပေးရမည်။

၂။          ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့်အခြေအနေ ကြောင့် အလုပ်ခွင်မှကင်းကွာနေပြီး ဌာနသို့ပြန်လည်ရောက်ရှိသတင်းပို့လာသည့်ဝန်ထမ်း

  •              (က) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာပြီး ဝန်ထမ်းပျောက်ဆုံးမှုအခြေအနေ အကြောင်းအရင်းမှန်ကိုသိရှိနိုင်ရန် ဌာန သို့မဟုတ် အလုပ်ခွင်သို့ပြန်လည်ရောက်ရှိ သတင်းပို့သည့်နေ့မှစ၍ တစ်လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂  ပါပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းမှုကိုစစ်ဆေးဆောင်ရွက်ရမည်။ ရှေးဦးစုံစမ်းမှု ပြုလုပ်ရာတွင် တွေ့ရှိရသည့်အချက်များအရ ဌာနဆိုင်ရာစစ်ဆေးရန်လိုအပ်ကြောင်း ခိုင်လုံစွာတွေ့ရှိရလျှင် ဌာနဆိုင်ရာစစ်ဆေးမှုကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၄ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက တာဝန်ပေးအပ်ဆောင်ရွက်ရမည်။
  •              ( ခ ) ရှေးဦးစုံစမ်းရန်တာဝန်ပေးအပ်သည့်အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဖြင့် စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏အစီရင်ခံစာအပေါ်စိစစ်သုံးသပ်၍ အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ် သုံးသပ်ချက်များအရ ဝန်ထမ်းသည်မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှု မရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၃ ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များချမှတ်နိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၃၈ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၈ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေကြောင်းအရ အရေးယူရမည့်ကိစ္စရပ်ဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ဆောင်ရွက်ရမည်။
  •              ( ဂ ) ရှေးဦးစုံစမ်းရန်တာဝန်ပေးအပ်သည့် အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဖြင့် စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအပေါ်စိစစ်သုံးသပ်၍ အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ်သုံးသပ်ချက်များအရ အလုပ်ခွင်မှကင်းကွာပြီးနောက် ဌာနသို့ပြန်လည်ရောက်ရှိ သတင်းပို့လာသည့်ဝန်ထမ်းသည်မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါဝန်ထမ်းအား မူလရာထူးနေရာတွင် တာဝန်ပြန်လည် ပေးအပ်နိုင်ရေး၊ အလုပ်ခွင်မှကင်းကွာနေသည့်ကာလအတွက် ဝန်ထမ်းလက်ရှိခံစားနေသော လစာနှုန်းပြည့်နှင့်စရိတခံစားခွင့်ပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ယင်းသဘောထား မှတ်ချက်များနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ပေးပို့၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ သဘောထားမှတ်ချက်ရယူရမည်။
  •              (ဃ) ဝန်ထမ်းပြန်လည်ရောက်ရှိ သတင်းပို့လာသည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၄၊ နည်းဥပဒေခွဲ (က)ပါဒဏ်ရာအနာတရဖြစ်စေခြင်းနှင့် အကျုံးဝင်ပါက အထူးပင်စင်ကို နည်းဥပဒေ ၂၅၉၊ ၂၆၀၊ ၂၆၁ နှင့် ၂၆၂ တို့ပါ အနာတရဖြစ်မှုအဆင့်အလိုက် အထူးပင်စင်ခံစားခွင့်ပြုရမည်။
  •              ( င ) ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားရမည်။
  •              ( စ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားပြန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ပြန်လည်သတင်းပို့လာသည့်ဝန်ထမ်းကို ဆက်လက်တာဝန် ပေးအပ်ရန် အလုပ်ခွင်မှကင်းကွာနေသည့်ကာလအတွက် ဝန်ထမ်းလက်ရှိခံစားနေသော လစာနှင့်စရိတ်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခံစားခွင့်ပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။
  •              (ဆ) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ အလုပ်ခွင်မှကင်းကွာပြီး တစ်နှစ်ပြည့်ပြီးနောက် ပြန်လည်ရောက်ရှိသတင်းပို့လာသည့် ဝန်ထမ်းများအတွက် ဥပဒေနှင့်ငြိစွန်းခြင်း ရှိ မရှိ အမှုကိစ္စတစ်ခုချင်းအလိုက် စိစစ်တင်ပြရမည်။

၃။         ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့်အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာနေစဉ် သေဆုံးသည့်ဝန်ထမ်း

  •    (က) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှကင်းကွာနေစဉ်သေဆုံးကြောင်းသိရှိရသည့်နေ့ သို့မဟုတ် ဝန်ထမ်းသေဆုံးသည့် အထောက်အထားများရရှိသည့်နေ့မှစ၍ တစ်လအတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂  ပါပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းမှုကိုစစ်ဆေးဆောင်ရွက်ရမည်။ ရှေးဦးစုံစမ်းမှုပြုလုပ် ရာတွင် တွေ့ရှိရသည့်အချက်များအရ ဌာနဆိုင်ရာစစ်ဆေးရန်လိုအပ်ကြောင်း ခိုင်လုံစွာ တွေ့ရှိရလျှင် ရှေးဦးစုံစမ်းမှုစစ်ဆေးဆောင်ရွက်ပြီး နှစ်လအတွင်း ဌာနဆိုင်ရာစစ်ဆေးမှုကို နည်းဥပဒေ ၁၉၄ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက တာဝန်ပေးအပ်ဆောင်ရွက်ရမည်။
  •    ( ခ ) ရှေးဦးစုံစမ်းရန် တာဝန်ပေးအပ်သည့်အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ အရ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဖြင့်စိစစ်လေ့လာ သုံးသပ်ချက် သို့မဟုတ် နည်းဥပဒေ ၂၀၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့၏အစီရင်ခံစာအပေါ် စိစစ်သုံးသပ်၍အဆုံးအဖြတ်ပေးနိုင်ရေးအဖွဲ့၏ စိစစ်သုံးသပ် ချက်များအရ အလုပ်ခွင်မှကင်းကွာပြီး ပျောက်ဆုံးနေစဉ်သေဆုံးသည့် ဝန်ထမ်းသည် မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက အလုပ်ခွင်မှကင်းကွာနေစဉ် သေဆုံးသည့်ဝန်ထမ်း၏ အမွေဆက်ခံခွင့်ရှိသော မိသားစုဝင် များကို မိသားစုအထူးပင်စင်ခံစားခွင့်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ယင်းသဘောထား မှတ်ချက်များနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ပေးပို့၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားမှတ်ချက်ရယူရမည်။
  • ( ဂ ) ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်၍ သဘောထားမှတ်ချက်ပြန်ကြားရမည်။
  • (ဃ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောထားပြန်ကြားချက်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအနေဖြင့် ဝန်ထမ်းသေဆုံးသည့်အထောက်အထားများအရ အမွေ ဆက်ခံခွင့်ရှိသော မိသားစုဝင်များအား မိသားစုအထူးပင်စင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရမည်။
  • ( င ) အထက်အပိုဒ် (ဃ)အရ မိသားစုအထူးပင်စင်ခွင့်ပြုပြီးနောက် ဝန်ထမ်းကို ပြန်လည် တွေ့ရှိပါက မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူမှ ထုတ်ယူခဲ့သော ပင်စင်လစာငွေနှင့် လုပ်သက်ဆုငွေတို့ကိုတစ်လုံးတည်း ပြန်လည်ပေးသွင်းရမည်။
  • ( စ ) သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ်  အဖွဲ့အစည်းက ဝန်ထမ်း၏ကင်းကွာနေသည့်ကာလ အတွင်းရရှိခံစားထိုက်သော လစာနှုန်းပြည့်နှင့်စရိတခံစားခွင့် ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် အထူး ကိစ္စရပ်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်သည်။

 

                                                                                                        အောင်သော်

                                                                                                             ဥက္ကဋ္ဌ

                                                                                       ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY