Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀
၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက် )
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို အခြေပြု၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန် အကဲဖြတ်အမှတ်ပေးရာတွင် တစ်ပြေးညီလိုက်နာကျင့်သုံး နိုင်ရေးအတွက် အရည်အချင်းသတ်မှတ်ချက်တစ်ခု စီ အလိုက် အသေးစိတ်အချက်များကိုသတ်မှတ်သည့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဆ) အရစိစစ်အကဲဖြတ်အမှတ်ပေးရာတွင် အောက်ပါအချက်များကို အခြေခံရမည်-
- (က) ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကိုကျေပွန်အောင်ထမ်းရွက်ခြင်း ၁၀ မှတ်
- (၁) ပေးအပ်သောတာဝန်ကိုလိုလားစွာအလေးအနက်ခံယူဆောင်ရွက်ခြင်း
- (၂) ပြီးမြောက်အောင်မြင်သည်အထိ ထိုးထွင်းကြံဆ၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊
- (၃) အချိန်နှင့်တစ်ပြေးညီမှန်ကန်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း။
- (ခ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၁၀ မှတ်
- (၁) မိမိရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များကိုလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်ပံ့ပိုးကူညီနိုင်ခြင်း၊
- (၂) မိမိဌာန/ အဖွဲ့အစည်း၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ မူဝါဒများကို အကောင်အထည်ဖော်စွမ်းဆောင်နိုင်ခြင်း၊
- (၃) ပေးအပ်သော လုပ်ငန်းတာဝန်များအပေါ် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးဖြင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ခြင်း၊
- (၄) လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်သည့် ကွန်ပျူတာပညာရပ်နှင့် ဘာသာစကားကျွမ်းကျင်မှုရှိခြင်း၊
- (၅) မိမိဌာန/အဖွဲ့အစည်းက စီမံခန့်ခွဲသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်ခြင်း။
- (ဂ) ယုံကြည်စိတ်ချရခြင်း ၁၀ မှတ်
- (၁) လုံခြုံမှုအဆင့်ရှိသည့် စာရွက်စာတမ်းနှင့်သတင်းအချက် အလက်များပေါက်ကြားမှုမရှိစေရန် သတိပြုဆောင်ရွက်နိုင်ခြင်း၊
- (၂) ကိုယ်ကျင့်တရားနှင့် ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊
- (၃) လုပ်ငန်းတာဝန်များကိုအမှားအယွင်းမရှိ တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက်နိုင်ခြင်း၊
- (၄) အထက်အကြီးအမှူးများက ယုံကြည်စိတ်ချစွာအပြည့်အဝ တာဝန်ပေးလွှဲအပ်နိုင်ခြင်း၊
- (၅) နိုင်ငံတော်၊ ဌာန/ အဖွဲ့အစည်း၊ အကြီးအကဲနှင့်လုပ်ဖော် ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
- (ဃ) လေ့လာဆည်းပူးခြင်း ၁၀မှတ်
- (၁)ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်သည့်သင်တန်းများ တက်ရောက်ပြီးခြင်း၊
- (၂) ဌာန/အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းခွင်သင်တန်းများ တက်ရောက်ပြီးခြင်း၊လုပ်ငန်းတာဝန်နှင့်ဌာနအတွက် အထောက်အကူပြုပညာရပ်များစဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်းနှင့် ပြန်လည်မျှဝေနိုင်ခြင်း၊
- (၃) မိမိဌာန/အဖွဲ့အစည်း၏ မူလလုပ်ငန်းတာဝန်များအပြင် အခြားသောဌာန/ အဖွဲ့အစည်းများနှင့်ဆက်စပ်ဆောင်ရွက်နိုင်ခြင်း၊
- (၄) ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ရည်ရွယ်ချက်ကို သိရှိပြီး ပေးအပ်သော လုပ်ငန်းတာဝန်များ ကျွမ်းကျင်စေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး ဆောင်ရွက်နိုင်ခြင်း။
- (င) ကြိုးစားမှုရှိခြင်း ၁၀မှတ်
- (၁) ပေးအပ်သော တာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ဉာဏ်ပညာတို့ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း၊
- (၂) သင်တန်းများတွင် ထူးချွန်ဆုရရှိခြင်း၊
- (၃) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ်လေ့လာမှတ်သားဆောင်ရွက်ခြင်း၊
- (၄) မိမိတာဝန်နှင့် ဆက်စပ်နေသည့် ဘာသာရပ်၊ ပညာရပ်ဆိုင်ရာလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်း၊
- (၅) ဌာန/အဖွဲ့အစည်းမှ ချီးမြှင့်သည့် ဆုတံဆိပ်၊ ဆုလက်မှတ်၊ချီးကျူးဂုဏ်ပြုမှု၊ အသိအမှတ်ပြုမှုများရရှိခြင်း၊
- (၆) နိုင်ငံတော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခြင်း။
- (စ) တီထွင်ကြံဆတတ်ခြင်း ၁၀ မှတ်
- (၁) လုပ်ငန်းခွင်အခက်အခဲများကို နည်းလမ်းကောင်းများဖြင့် ထိရောက်အောင်မြင်စွာ ကြံဆဆောင်ရွက်နိုင်ခြင်း၊
- (၂) သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းဖြင့်ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊
- (၃) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်၍ စဉ်းစားတွေးခေါ်ဆောင်ရွက်နိုင်ခြင်း၊
- (၄) ဖြတ်ထိုးဉာဏ်ကောင်းခြင်းနှင့် ဝေဖန်ပိုင်းခြားတတ်ခြင်း။
- (ဆ) ရုံး၊ အလုပ်ရုံစည်းကမ်းများကိုလိုက်နာခြင်း ၁၀ မှတ်
- (၁) ရုံး/လုပ်ငန်းလက်စွဲ၊ အလုပ်ရုံစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာခြင်း၊
- (၂) ဌာန/အဖွဲ့အစည်း ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကိုလိုက်နာခြင်း၊
- (၃) နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်ဝန်ထမ်းကျင့်ဝတ်များကို သိရှိလိုက်နာခြင်း၊
- (၄) နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့်တည်ဆဲဥပဒေ၊နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာခြင်း၊
- (၅) စည်းကမ်းနှင့်ပတ်သက်၍ စံနမူနာပြဖြစ်ခြင်း။
- (ဇ) အများအကျိုးအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ခြင်း ၁၀ မှတ်
- (၁) လူမှုအကျိုးပြုလုပ်ငန်းများတွင် စိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
- (၂) ဌာန/အဖွဲ့အစည်းအကျိုးအတွက် လုပ်ငန်းများအောင်မြင်စေရန်လုပ်ဖော်ကိုင်ဖက်များအပေါ် စာနာစိတ်ဖြင့် အနစ်နာခံဆောင်ရွက်ခဲ့ခြင်း၊
- (၃) လူမှုရေးအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
- (၄) အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို စေတနာထားဆောင်ရွက်ခြင်း၊
- (၅) အခါအားလျော်စွာ ဌာန/အဖွဲ့အစည်းတွင်း ဝန်ထမ်းများအားတတ်စွမ်းသမှုကူညီပံ့ပိုးခြင်း။
- (ဈ) ဆက်ဆံရေးပြေပြစ်ခြင်း ၁၀ မှတ်
- (၁) ဌာန/အဖွဲ့အစည်းတွင်းရှိဝန်ထမ်းများနှင့် လိုက်လျောညီထွေဆက်ဆံဆောင်ရွက်တတ်ခြင်း၊
- (၂) အခြားဝန်ထမ်းအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် အဆင်ပြေချောမွေ့စွာပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း၊
- (၃) အဖွဲ့အစည်း၏ဂုဏ်သိက္ခာမြင့်မားစေရန် စွမ်းဆောင်နိုင်ခြင်း၊
- (၄) ပြည်သူကိုရိုသေလေးစားစွာဝန်ဆောင်မှုပေးခြင်း။
- (ည) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၁၀ မှတ်
- (၁) ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်သိမှု၊တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုရှိခြင်း၊
- (၂) ဦးစားပေးအဆင့်အလိုက် လုပ်ငန်းတာဝန်ကိုခွဲဝေဆောင်ရွက်နိုင်ခြင်း၊
- (၃) လုပ်ငန်းတာဝန်များကိုကြိုတင်စဉ်းစားတွေးခေါ်ဆောင်ရွက်နိုင်ခြင်း၊
- (၄) အထက်အရာရှိအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြခြင်း၊လမ်းညွှန်မှုခံယူခြင်း၊ လက်အောက်သို့ ညွှန်ကြားပြသပေးခြင်းနှင့် လိုအပ်ပါကကိုယ်တိုင်ပါဝင် ဦးစီးလုပ်ကိုင်ဆောင်ရွက်ခြင်း၊
- (၅) နိုင်ငံတော်ဘဏ္ဍာငွေနှင့် နိုင်ငံပိုင်ပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရန်စနစ်တကျဆောင်ရွက်နိုင်ခြင်း၊
- (၆) ဌာန/အဖွဲ့အစည်း၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကိုလက်အောက်မှသိရှိစေရေးရှင်းလင်းပြသခြင်း၊အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာစေရန် စေ့ဆော်အားပေးနိုင်မှုရှိခြင်း၊
- (၇) ဝန်ထမ်းများကိုစည်းလုံးညီညွတ်စွာဖြင့် ရည်မှန်းချက်ရောက်ရှိအောင်စည်းရုံးဆောင်ရွက်နိုင်စွမ်းရှိခြင်း၊
- (၈) လက်အောက်ဝန်ထမ်းများ၏ ယုံကြည်လေးစားအားကိုးထိုက်သူဖြစ်ခြင်း၊
- (၉) မိမိဦးဆောင်ရသော အဖွဲ့အစည်း/ဌာနကို မည်သည့်အခြေအနေတွင်မဆို စွမ်းဆောင်ရည်အကောင်းဆုံးနှင့်အမြင့်မားဆုံးရရှိစေရန်ဆောင်ရွက်နိုင်စွမ်းရှိခြင်း။