ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ်   ၇   /၂၀၂၃ 

၁၃၈၄  ခုနှစ်၊ တပို့တွဲလဆန်း  ၁၀  ရက်

( ၂၀၂၃  ခုနှစ်၊   ဇန်နဝါရီလ   ၃၀  ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

 

၁။         ဤနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။          ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၂၂။    ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာ လစ်လပ်သဖြင့် ရာထူးတိုးမြှင့်ခန့်ထားရန် လိုအပ်သည့်အခါ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့်အဖွဲ့အစည်းက အတည်ပြုရေးဆွဲထားသော တန်းစီဇယားအတွင်းမှ ဝန်ထမ်း များကို အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့်ဝန်ထမ်းများအတွက် စိတ်အခြေအနေ စစ်ဆေးခြင်းကို အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။”

၃။         ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၂၃ နည်းဥပဒေခွဲ (ဌ) ၏နောက်တွင်  နည်းဥပဒေခွဲ (ဍ) နှင့် (ဎ) တို့ကို အောက်ပါအတိုင်း  ဖြည့်စွက်ရမည်-

  • “(ဍ)    အဆိုပြုဝန်ထမ်းများအား  စိတ်အခြေအနေ စစ်ဆေးထားခြင်း ရှိ မရှိ၊
  • (ဎ)   အဆိုပြုဝန်ထမ်းများသည် လက်ရှိရာထူးအတွက် သတ်မှတ်ထားသော နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ပြီးစီးခြင်း ရှိ မရှိ။”

၄။         ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၀ နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “ (ခ)   ပုံမှန်သင်တန်းများ
  • (၁)   ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊
  • (၂)   အဆင့်မြင့်အရာထမ်းသင်တန်း၊
  • (၃)   အလယ်အလတ်အဆင့်အရာထမ်းသင်တန်း၊
  • (၄)   အရာထမ်းအခြေခံသင်တန်း၊
  • (၅)   အရာထမ်းလောင်း (အထူး) သင်တန်း၊
  • (၆)    အရာထမ်းငယ်သင်တန်း၊
  • (၇)   စာရေးဝန်ထမ်းကြီးကြပ်သင်တန်း၊
  • (၈)   စာရေးဝန်ထမ်းသင်တန်း။”

၅။         ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၁ နည်းဥပဒေခွဲ (ဆ) ၏ နောက်တွင် နည်းဥပဒေခွဲ (ဇ)ကို အောက်ပါအတိုင်း  ဖြည့်စွက်ရမည်-

  • “(ဇ) ကာကွယ်ရေးပညာဘာသာရပ်။”

၆။        ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၂။   ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၇) နှစ်နှင့် အောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။”

၇။         ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၃။ အဆင့်မြင့်အရာထမ်းသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၅) နှစ်နှင့်အောက် ညွှန်ကြားရေးမှူးနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။”

၈။         ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၄။   အလယ်အလတ်အဆင့်အရာထမ်းသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက်(၅၂)နှစ်နှင့်အောက် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။”

၉။        ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၅။   အရာထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် ဦးစီးအရာရှိနှင့် အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။”

၁၀။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၆။   အရာထမ်းလောင်း (အထူး) သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် အဖွဲ့က ရွေးချယ်ခြင်းခံရသည့် ကျန်းမာရေးကောင်းမွန်သည့် ပြန်တမ်းဝင် အရာရှိလောင်းများ တက်ရောက်ရမည်။”

my_MMMY