ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ

၁၁။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ တွင်-

  • (က)     နည်းဥပဒေခွဲ (ဂ) ၏နောက်တွင် နည်းဥပဒေခွဲ (ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
  • “(ဃ)  ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်း နိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှ ကင်းကွာနေခြင်းဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရပါက ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ သဘောထားညှိနှိုင်းရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။”
  • ( ခ )       မူလနည်းဥပဒေခွဲ (ဃ) ကို နည်းဥပဒေခွဲ (င) အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

၁၂။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆၅ နည်းဥပဒေခွဲ (ခ) ၏နောက်တွင် နည်းဥပဒေခွဲ (ဂ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

  • “(ဂ)    ဝန်ထမ်းသည် လက်နက်ကိုင်အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ပျောက်ဆုံးနေသည့်ကိစ္စတွင် ဌာနဆိုင်ရာစစ်ဆေး ပေါ်ပေါက်ချက်များအရ သေဆုံးကြောင်း အထောက်အထားခိုင်လုံပါက ခံစားခွင့် ရှိသည့် ဆုငွေနှင့်ပင်စင်ကို ဇယား (၈) နှင့် (၉) တို့၌ ဖော်ပြထားသည့် နှုန်းထက် မပိုသော မိသားစုအထူးပင်စင်။

၁၃။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဇယား (၁) တွင်-

  • (က) အပိုဒ် (၁) အမှတ်စဉ် (၄) ပါ စာရေးဝန်ထမ်းအဆင့် (၄) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၂ နှစ်” ဆိုသည့်စကားရပ်ကို “၄ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၂) အမှတ်စဉ် (၅) ပါ ကျွမ်းကျင်သူအဆင့် (၅) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၂ နှစ်” ဆိုသည့်စကားရပ်ကို “၄ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၃) အမှတ်စဉ် (၃) ပါ ပညာရှင်အဆင့် (၃) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၄) အမှတ်စဉ် (၂) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့်(၂) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၅) အမှတ်စဉ် (၁) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။
  • ( ခ )  အပိုဒ် (၇) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    • “၇ ။     ဒုတိယညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်များ၌ ရာထူးသက် “၂ နှစ်”၊ ညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်များ၌ ရာထူးသက် “၁ နှစ်” ရှိရမည်။”

 

 

ဒေါက်တာမောင်မောင်နိုင်

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY