ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္တအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ(၃၁-၃-၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ပြည့်နှစ်၊ မတ်လ ၃၁ ရက် )

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန် အလို့ငှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်-

၁။           ဤနည်းဥပဒေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္တအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။          နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-

” ၂၃၀။         ဝန်ထမ်းတစ်ဦး အငြိမ်းယူရမည့် နေ့ရက်သည် ယင်းဝန်ထမ်း အသက် ၆၂ နှစ်ပြည့်သည့် နေ့ရက်ဖြစ်သည်။”

၃။          နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က)  ကို အောက်ပါအတိုင်း အစားထိုးရမည်-

” ၂၃၃။(က)        တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီခြားသတ်မှတ်သည့် ကိစ္စမှတစ်ပါး ၆၂ နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။”

သန်းဆွေ

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY