နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ(၁၈)
၁၈။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဇယား (၁)၊ အပိုဒ် ၁၊ အမှတ်စဉ် ၄ ပါ စာရေးဝန်ထမ်းအဆင့် (၄) ၏ အနည်းဆုံးရှိရမည့် ရာထူးသက်ကို “၃ နှစ်” အစား “၂ နှစ်” ဟု လည်းကောင်း၊ အပိုဒ် ၂၊ အမှတ်စဉ် ၅ ပါ ကျွမ်းကျင်သူအဆင့် (၅) ၏ အနည်းဆုံးရှိရမည့် ရာထူးသက်ကို “၃ နှစ်” အစား “၂ နှစ်” ဟုလည်းကောင်း အစားထိုးရမည်။