နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ၃၈
လူတွေ့စစ်ဆေးခြင်း
၃၈။ (က) လူတွေ့စစ်ဆေးခြင်းကို နည်းဥပဒေ ၂၉ ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ၊ အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ ပေးထားသည့်အနက် အနည်းဆုံးအမှတ် ၄၀ စီရရှိသူ များအား ပြုလုပ်ရမည်။
( ခ ) လူတွေ့စစ်ဆေးမှုအတွက် အမှတ်ပြည့်မှာ ၅၀ ဖြစ်သည်။ လူတွေ့စစ်ဆေးခြင်း ခံရသော ဝန်ထမ်းများကို အောက်ပါအချက်များအပေါ် အခြေခံစစ်ဆေးရမည်-
- (၁) လုပ်ငန်းကျွမ်းကျင်မှုအတွက် အမှတ်ပြည့် ၂၀ မှတ်
- (၂) သွက်လက်ပြတ်သားမှုအတွက် အမှတ်ပြည့် ၁၀ မှတ်
- (၃) ထိုးထွင်းဉာဏ်ကောင်းမှုအတွက် အမှတ်ပြည့် ၁၀ မှတ်
- (၄) အထွေထွေဗဟုသုတအတွက် အမှတ်ပြည့် ၁၀ မှတ်
( ဂ ) အရည်အချင်းစစ်ဆေးရေးအဖွဲ့သည် လူတွေ့စစ်ဆေးရေးအဖွဲ့တာဝန်ကိုပါ ဆောင်ရွက်ရမည်။</]p>
(ဃ) အရည်အချင်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးစီက လူတွေ့စစ်ဆေးမှုအတွက် အမှတ်ပေးရမည်။ တစ်ဦးစီပေးထားသော အမှတ်များကို ပျမ်းမျှပြု၍ ယင်းအဖွဲ့၏အမှတ်အဖြစ် သတ်မှတ်ပေးရမည်။