၃။ ခွင့်ကိစ္စ
နည်းဥပဒေ ၇၃ ပါ ပြဋ္ဌာန်းချက်အရ ခွင့်ကိုရာထူးအလိုက် ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ –
- (က) အရာထမ်းအဆင့်ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်သည်။
- ( ခ ) အမှုထမ်းအဆင့်ဝန်ထမ်းများအတွက် ခွင့်ကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်သည်။
နည်းဥပဒေ ၇၆ ပါ ပြဋ္ဌာန်းချက်အရ အများပြည်သူအကျိုးငှာ လိုအပ်လျှင်ခွင့်ခံစားနေသော ဝန်ထမ်းကို ခွင့်မှပြန်လည်ခေါ်ယူနိုင်သည်။ ယင်းသို့ခေါ်ယူသည့်အခါ ဝန်ထမ်းသည် မည်သည့် အကြောင်းနှင့်မျှ ငြင်းပယ်ခွင့်မရှိဘဲ မပျက်မကွက်ပြန်လာရမည်။ ထိုသို့ပြန်လည်ခေါ်ယူသည့် ဝန်ထမ်း အတွက် အောက်ပါအတိုင်း ခံစားစေရမည် –
- (က) ခွင့်ခံစားနေသည့်ဒေသမှ တာဝန်ထမ်းဆောင်ရန်စတင်ခရီးထွက်သည့်နေ့ရက်မှစ၍ တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်း၊
- ( ခ ) ခွင့်ခံစားနေသည့်ဒေသမှတာဝန်ထမ်းဆောင်ရမည့်ဒေသသို့ သွားရောက်သည့်ခရီး အတွက်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ် သည့် ခရီးစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်ပြုခြင်း၊
- ( ဂ ) တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့ရက် မတိုင်မီတစ်ရက်အထိ ခွင့်လစာကို ခွင့်ပြုခြင်း။
နည်းဥပဒေ ၈၄ အရ ရှောင်တခင်ခွင့်သည် ရုတ်တရက်နာမကျန်းဖြစ်ခြင်းကြောင့်လည်းကောင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စ ရုတ်ချည်းပေါ်ပေါက်ခြင်းကြောင့်လည်းကောင်း အလုပ်ခွင်သို့မလာ ရောက်ဘဲ နေခွင့်ပြုသည့် ခွင့်ရက်တိုဖြစ်သည်။ ရှောင်တခင်ခွင့်ခံစားနေသည့် ဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။ ရှောင်တခင်ခွင့်ကို ခွင့်ပြုရာတွင်-
- (က) အလုပ်ခွင်သို့မလာရောက်နိုင်သည့် နေ့ရက်များအတွက် ရှောင်တခင်ခွင့်တောင်းခံ ရမည်။
- ( ခ ) ရှောင်တခင်ခွင့်ခံစားသူသည် ခွင့်ပေးပိုင်ခွင့်ရှိသူ၏ခွင့်ပြုချက်မရဘဲ တာဝန်ကျရာ ဒေသမှ ထွက်ခွာခွင့်မရှိစေရ။
- ( ဂ ) သာမန်အားဖြင့် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း၌ ရှောင်တခင်ခွင့် ၁၀ ရက်ထက်ပို၍ ခွင့်မပြုရ။
- (ဃ) သို့ရာတွင် ခိုင်လုံသည့်အကြောင်းရှိပါက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ ၁၀ ရက်ထက် ပို၍ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရခြင်းသည်ယခင်ခံစားပြီးဖြစ်သည့် ရှောင်တခင် ခွင့်ရက်များတွင် ရုံးပိတ်ရက်များပါဝင်ခဲ့ခြင်း သို့မဟုတ် ယခုတောင်းခံသည့် ရှောင်တခင်ခွင့်ရက်များတွင် ရုံးပိတ်ရက်ပါဝင်နေခြင်းတို့အတွက် ရှောင်တခင်ခွင့် ၁၀ ရက် ထက်ပိုပြီးခွင့်ပြုပေးရန် ခိုင်လုံသည့်အကြောင်းများရှိလျှင် ခွင့်ပြုပိုင်ခွင့် ရှိသူက ထည့်သွင်းစဉ်းစားပြီး ခွင့်ပြုပေးရန်ဖြစ်သည်။
- ( င ) သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို အထူးရှောင်တခင်ခွင့်အဖြစ်သီးသန့် ခံစားခွင့်ရှိသည်။ သို့ရာတွင် ရှောင်တခင်ခွင့် ၁၀ ရက်တွင် ယင်းနှစ်ရက်ကို ထည့်သွင်း ရေတွက်ခြင်းမပြုရ။ အခြားခွင့်များနှင့် ရှေ့နောက်ဆက်၍ခွင့်မပြုရ။
- ( စ ) ရှောင်တခင်ခွင့်ရက်အတွက် တာဝန်ချိန်လစာနှုန်းပြည့်ကို ခံစားခွင့်ရှိသည်။
- (ဆ) ရှောင်တခင်ခွင့်ကို အခြားခွင့်များနှင့်ဖြစ်စေ၊ ကူးပြောင်းချိန်နှင့်ဖြစ်စေ၊ အားလပ် ရက်ရှည်နှင့်ဖြစ်စေ ဆက်၍ခွင့်မပြုရ။ ရှောင်တခင်ခွင့်နှင့်တစ်ဆက်တည်း အခြားခွင့် တစ်မျိုးကို တောင်းခံခဲ့သော်ရှောင်တခင်ခွင့် ပျက်ပြယ်သွားပြီးနောက် ရှောင်တခင်ခွင့် နှင့်ဆက်၍ တောင်းခံသောခွင့်ကိုရှောင်တခင်ခွင့်စသည့်နေ့ရက်မှစ၍ ခွင့်ပြုရမည်။
- ( ဇ ) ရှောင်တခင်ခွင့်အတွက် ခွင့်မှတ်တမ်းများကို ခွင့်ပြုပိုင်ခွင့်ရှိသူထံတွင် ထားရှိရမည်။
နည်းဥပဒေ ၈၅ အရ ခွေးရူးကိုက်ရောဂါကုသရန်အထူးရှောင်တခင်ခွင့်ကို –- (က) ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့်တစ်လအထိခွင့်ပြုနိုင်သည်။
- ( ခ ) သာမန်အားဖြင့်ရရှိသည့် ရှောင်တခင်ခွင့်ရက်များတွင် ထည့်သွင်းခြင်းမပြုရ။
- ( ဂ ) လစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။
- (ဃ) အခြားခွင့်အမျိုးအစားများနှင့် ရှေ့နောက်ဆက်၍ခွင့်မပြုရ။
နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ
- (က) အလုပ်ခွင်သို့မလာရောက်နိုင်သည့်နေ့ရက်များအတွက် ရှောင်တခင်ခွင့်တောင်းခံရမည်။
- ( ခ ) ရှောင်တခင်ခွင့်ခံစားသူသည် ခွင့်ပေးပိုင်ခွင့်ရှိသူ၏ခွင့်ပြုချက်မရဘဲ တာဝန်ကျရာ ဒေသမှ ထွက်ခွာခွင့်မရှိစေရ။
- ( ဂ ) သာမန်အားဖြင့် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း၌ ရှောင်တခင်ခွင့် ၁၀ ရက်ထက်ပို၍ ခွင့်မပြုရ။
- (ဃ) သို့ရာတွင် ခိုင်လုံသည့်အကြောင်းရှိပါက ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ ၁၀ ရက်ထက် ပို၍ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရခြင်းသည်ယခင်ခံစားပြီးဖြစ်သည့် ရှောင်တခင် ခွင့်ရက်များတွင် ရုံးပိတ်ရက်များပါဝင်ခဲ့ခြင်း သို့မဟုတ် ယခုတောင်းခံသည့် ရှောင်တခင်ခွင့်ရက်များတွင် ရုံးပိတ်ရက်ပါဝင်နေခြင်းတို့အတွက် ရှောင်တခင်ခွင့် ၁၀ ရက် ထက်ပိုပြီးခွင့်ပြုပေးရန် ခိုင်လုံသည့်အကြောင်းများရှိလျှင် ခွင့်ပြုပိုင်ခွင့် ရှိသူက ထည့်သွင်းစဉ်းစားပြီး ခွင့်ပြုပေးရန်ဖြစ်သည်။
- ( င ) သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို အထူးရှောင်တခင်ခွင့်အဖြစ်သီးသန့် ခံစားခွင့်ရှိသည်။ သို့ရာတွင် ရှောင်တခင်ခွင့် ၁၀ ရက်တွင် ယင်းနှစ်ရက်ကို ထည့်သွင်း ရေတွက်ခြင်းမပြုရ။ အခြားခွင့်များနှင့် ရှေ့နောက်ဆက်၍ခွင့်မပြုရ။
- ( စ ) ရှောင်တခင်ခွင့်ရက်အတွက် တာဝန်ချိန်လစာနှုန်းပြည့်ကို ခံစားခွင့်ရှိသည်။
- (ဆ) ရှောင်တခင်ခွင့်ကို အခြားခွင့်များနှင့်ဖြစ်စေ၊ ကူးပြောင်းချိန်နှင့်ဖြစ်စေ၊ အားလပ် ရက်ရှည်နှင့်ဖြစ်စေဆက်၍ခွင့်မပြုရ။ ရှောင်တခင်ခွင့်နှင့်တစ်ဆက်တည်း အခြားခွင့် တစ်မျိုးကို တောင်းခံခဲ့သော် ရှောင်တခင်ခွင့် ပျက်ပြယ်သွားပြီးနောက် ရှောင်တခင်ခွင့် နှင့်ဆက်၍ တောင်းခံသောခွင့်ကိုရှောင်တခင်ခွင့်စသည့်နေ့ရက်မှစ၍ ခွင့်ပြုရမည်။
- ( ဇ ) ရှောင်တခင်ခွင့်အတွက် ခွင့်မှတ်တမ်းများကို ခွင့်ပြုပိုင်ခွင့်ရှိသူထံတွင်ထားရှိရမည်။
နည်းဥပဒေ ၈၅ ပါ ပြဋ္ဌာန်းချက်အရ ခွေးရူးကိုက်ရောဂါကုသရန်အထူးရှောင်တခင်ခွင့်ကို –
- (က) ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့်တစ်လအထိခွင့်ပြုနိုင်သည်။
- ( ခ ) သာမန်အားဖြင့်ရရှိသည့် ရှောင်တခင်ခွင့်ရက်များတွင် ထည့်သွင်းခြင်းမပြုရ။
- ( ဂ ) လစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။
- (ဃ) အခြားခွင့်အမျိုးအစားများနှင့် ရှေ့နောက်ဆက်၍ခွင့်မပြုရ။
နည်းဥပဒေ ၈၆ ပါ ပြဋ္ဌာန်းချက်အရ ကူးစက်ရောဂါကာကွယ်ခွင့်သည် ဝန်ထမ်း၏မိသားစု သို့မဟုတ် အတူနေမိသားစု၌ ကူးစက် ရောဂါဖြစ်ပွားသောကြောင့် ဝန်ထမ်းကိုအလုပ်ခွင်သို့မလာ ရောက်စေရန် ခွင့်ပြုသောခွင့်ဖြစ်သည်။ ဤခွင့်ခံစားနေသူဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။ ကူးစက်ရောဂါကာကွယ်ခွင့်ကို –
- (က) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက မြို့နယ်၊ ကျေးလက်၊ တိုက်နယ် ဆေးရုံတို့မှ ဆရာဝန်၏ထောက်ခံချက်အရသာ ခွင့်ပြုရမည်။
- ( ခ ) သာမန်အားဖြင့် ၂၁ ရက်အထိခွင့်ပြုရန်ဖြစ်သော်လည်း ထူးခြားသောအခြေအနေ တွင် ရက် ၃၀ အထိခွင့်ပြုနိုင်သည်။
- ( ဂ ) အခြားခွင့်များ၏ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေဆက်စပ်ခွင့်ပြုနိုင်သည်။
- (ဃ) ခွင့်ကာလအတွင်း တာဝန်ချိန်လစာနှုန်းပြည့်ခံစားခွင့်ပြုရမည်။
- ( င ) ခံစားနေသည့် ဝန်ထမ်း၏နေရာတွင်လူစားမခန့်ရ။
နည်းဥပဒေ ၉၂ ပါပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ခံစားခွင့်ရှိသည့်ဝန်ထမ်းများအတွက် –
- (က) အားလပ်ရက်ရှည်ကို အပြည့်ခံစားရသည့်နှစ်များတွင် လုပ်သက်ခွင့်ခံစားခွင့်မရှိစေရ။
- ( ခ ) အားလပ်ရက်ရှည်ကို လုံးဝမခံစားရသည့်နှစ်အတွက် လုပ်သက်ခွင့်ကို နည်းဥပဒေ ၈၇ ပါအတိုင်း ခံစားခွင့်ရှိသည်။
- ( ဂ ) အားလပ်ရက်ရှည်ကို တစ်စိတ်တစ်ဒေသခံစားရသည့် နှစ်များအတွက် လုပ်သက်ခွင့် ကိုအောက်ပါအတိုင်း ခံစားခွင့်ရှိသည် –
မခံစားရသည့် အားလပ်ရက်ရှည်ပေါင်းခံစားခွင့်ရှိသည့်အားလပ်ရက်ရှည်ပေါင်း
× ၃၀ = လုပ်သက်ခွင့်
- (ဃ) အားလပ်ရက်ရှည်ကို အခြားခွင့်တစ်မျိုးမျိုး၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားနိုင်သည်။ သို့ရာတွင်လုပ်သက်ခွင့်နှင့် အတူခံစား သည့်အခါယင်းခွင့်နှင့်အားလပ်ရက်ရှည်စုစုပေါင်းကာလသည် နှစ်လထက်မပိုစေရ။
နည်းဥပဒေ ၉၃ ပါ ပြဋ္ဌာန်းချက်အရ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရာတွင် –
- (က) ဝန်ထမ်းလုပ်သက်တစ်လျှောက်လုံးအတွက် ခွင့်ပြုနိုင်သည့်ကာလသည် ၁၂ လဖြစ် သည်။အထူးလုံလောက်သောကိစ္စများတွင်နောက်ထပ်ခြောက်လထိထပ်မံခွင့်ပြုနိုင်သည်။
- ( ခ ) ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ ထောက်ခံချက်ကိုတင်ပြမှသာ ခွင့်ပြုရမည်။ တစ်ကြိမ်လျှင်မည်မျှခွင့်ပြုရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း ဆေးလက်မှတ်၌ ထောက်ခံထားသည့်ကာလထက် ကျော်လွန်၍ခွင့်မပြုရ။
- ( ဂ ) ဝန်ထမ်းတစ်ဦးသည် ဆေးလက်မှတ်ခွင့်ကုန်ဆုံးချိန်တွင် ကျန်းမာစွာဖြင့် တာဝန် ပြန်လည်ထမ်းဆောင်နိုင်ဖွယ်အခြေအနေရှိသည်ဟု ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က မှတ်ချက်ပြုမှသာဆေးလက်မှတ်ခွင့်ကိုခွင့်ပြုရမည်။
- (ဃ) ဝန်ထမ်းသည် ဆေးလက်မှတ်ခွင့်အစား လုပ်သက်ခွင့်ခံစားခွင့်ပြုရန် တောင်းခံပါက လုပ်သက်ခွင့်ကိုခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် လုပ်သက်ခွင့်ကာလကို နည်းဥပဒေခွဲ (က) တွင် ပါရှိသည့် ဆေးလက်မှတ်ခွင့်ကာလသတ်မှတ်ချက်တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရ။
နည်းဥပဒေ ၉၅ ပါပြဋ္ဌာန်းချက်အရ မကျန်းမာဖြစ်နေသည့်ဝန်ထမ်းကို ဆေးစစ်မှုခံယူစေ ရာတွင် သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က ယင်းဝန်ထမ်းသည် တာဝန်ကိုပြန်လည် ထမ်းဆောင်နိုင်မည့် အလားအလာမရှိဟု ဆေးမှတ်ချက်ပြုသည့်အခါ နာမကျန်းပင်စင်ခံစားခွင့်ပြု ရမည်။ ထိုဝန်ထမ်း၏ခွင့်စာရင်းတွင် ခွင့်လက်ကျန်များရှိလျှင် –
-
- (က) သက်ဆိုင်ရာဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က ဝန်ထမ်းသည် တာဝန်ကိုပြန်လည် ထမ်းဆောင်နိုင်သည့်အခြေအနေမရှိဟု ဆေးမှတ်ချက်ပြုပါက ဝန်ထမ်းသည် –
- (၁) ခွင့်ခံစားနေစဉ် ဆေးစစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်လျှင် ယင်းခွင့်ကာလကုန်ဆုံး သည့်အခါတွင် နာမကျန်းပင်စင်ယူခွင့်ပြုရမည်။
- (၂) တာဝန်ထမ်းဆောင်နေစဉ် ဆေးစစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်လျှင် သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့ကအကြောင်းကြားသည့်နေ့ရက် သို့မဟုတ် ဆေးမှတ်ချက်ကို လက်မှတ်ရေးထိုးသည့်နေ့ရက်မှစ၍ နာမကျန်းပင်စင် ယူခွင့်ပြုရမည်။
- (က) သက်ဆိုင်ရာဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က ဝန်ထမ်းသည် တာဝန်ကိုပြန်လည် ထမ်းဆောင်နိုင်သည့်အခြေအနေမရှိဟု ဆေးမှတ်ချက်ပြုပါက ဝန်ထမ်းသည် –
( ခ ) သက်ဆိုင်ရာဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က တာဝန်ကိုပြန်လည်ထမ်းဆောင် နိုင်သည့်အခြေအနေမရှိဟု သတ်မှတ်ခြင်းခံရသည့်ဝန်ထမ်းကို အောက်ပါအချက် တစ်ရပ်ရပ်နှင့်ညီညွတ်ပြီးခွင့်လက်ကျန်လည်းလုံလောက်စွာရှိလျှင်အထူးကိစ္စရပ်အနေဖြင့်လုပ်သက်ခွင့်နှင့်ဆေးလက်မှတ်ခွင့်တို့ကိုပေါင်း၍ဖြစ်စေ၊ ဆေးလက်မှတ်ခွင့်တစ်မျိုးတည်းကိုဖြစ်စေခြောက်လထက်မပိုစေဘဲခွင့်ပြုနိုင်သည် –
-
- (၁) ဝန်ထမ်းမကျန်းမာဖြစ်ခဲ့ရခြင်းသည် တာဝန်ထမ်းဆောင်မှုကြောင့်ဖြစ်ခြင်း၊
- (၂) ဝန်ထမ်းသည် လုပ်သက်တစ်လျှောက်တွင် အခြားသောဝန်ထမ်းများနှင့် နှိုင်းယှဉ်သော် ခွင့်အနည်းငယ်မျှသာ ခံစားခဲ့သူဖြစ်ခြင်း၊
- (၃) မကြာမီကာလ၌ လုပ်သက်နှစ်ပြည့်တစ်နှစ်ထပ်မံပြည့်မြောက်နိုင်ခြင်း။
နည်းဥပဒေ ၉၉ ပါ ပြဋ္ဌာန်းချက်အရ လစာမဲ့ခွင့်ကာလအတွင်း မည်သည့်ခွင့်လစာမျှခံစားခွင့် မရှိပါ။ လစာမဲ့ခွင့်ကာလကို အငြိမ်းစားလစာရေတွက်ရာတွင် လုပ်သက်ကာလအဖြစ် ထည့်သွင်း ရေတွက်ခြင်းမပြုနိုင်ပါ။
နည်းဥပဒေ ၁၀၀ ပါ ပြဋ္ဌာန်းချက်အရ လစာမဲ့ခွင့်ကာလအတွင်း ဝန်ထမ်းရေးရာခံစားခွင့်များ အားလုံးဆုံးရှုံးသည်။ သို့ရာတွင် နာမကျန်းဖြစ်ခြင်းကြောင့်ဖြစ်စေ၊ မလွှဲမရှောင်သာသည့် အကြောင်း တစ်ရပ်ရပ်ကြောင့်ဖြစ်စေ လစာမဲ့ခွင့်ခံစားခဲ့ရခြင်းဖြစ်ပါက လစာမဲ့ခွင့်ကာလအတွက် လစာငွေကိုသာ ထိခိုက်စေပြီး အခြားဝန်ထမ်းရေးရာအခွင့်အရေးများ ဆုံးရှုံးမှုမဖြစ်စေရ။
နည်းဥပဒေ ၁၀၄ ပါ ပြဋ္ဌာန်းချက်အရ အထူးမသန်စွမ်းခွင့်ကာလအတွင်းခွင့်လစာကို –
- (က) ပထမ လေးလအတွက် ပျမ်းမျှလစာနှုန်းပြည့်ခံစားခွင့်ပြုရမည်။
- (ခ) ကျန်ကာလများအတွက်ပျမ်းမျှလစာ၏ ၁/၂ နှုန်းခံစားခွင့်ပြုရမည်။ ဝန်ထမ်း၏ ဆန္ဒ အရ လုပ်သက်ခွင့်လက်ကျန်ရှိသမျှကာလကို ပျမ်းမျှလစာနှုန်းပြည့်ဖြင့် ဆက်လက် ခံစားလိုလျှင် ခံစားခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုပါက ဝန်ထမ်း ဆက်လက်ခံစား သော ပျမ်းမျှလစာပြည့်ကာလ၏ကို အထူးမသန်စွမ်းခွင့်အဖြစ် ထည့်သွင်းရေတွက် ရမည်။
နည်းဥပဒေ ၁၀၅ ပါ ပြဋ္ဌာန်းချက်အရ အထူးမသန်စွမ်းခွင့်ကို အောက်ပါကိစ္စများတွင်လည်း ခံစားခွင့်ပြုနိုင်သည် –
- (က) လုပ်ငန်း၏သဘာဝအရ အသက်နှင့်ခန္ဓာကိုယ် အန္တရာယ်ရှိစေသည့်လုပ်ငန်းမျိုးကို ရာထူးတာဝန်အလျောက်ထမ်းဆောင်နေစဉ်မတော်တဆထိခိုက်ဒဏ်ရာရသည့်ကိစ္စ၊
- ( ခ ) အောက်ပါအကြောင်းတစ်ရပ်ရပ်ကို တိုက်ရိုက်အကြောင်းပြု၍ ကူးစက်တတ်သော ရောဂါခံစားရပြီးမသန်စွမ်းမှုဖြစ်ခဲ့ရသည်ဟု ဆေးအဖွဲ့ကထောက်ခံသည့်ကိစ္စ –
- (၁) ကူးစက်တတ်သော ရောဂါတစ်ရပ်ရပ်ကို သုတေသနပြုရခြင်း၊
- (၂) ကူးစက်တတ်သောရောဂါတစ်ရပ်ရပ်ကြောင့် သေဆုံးခဲ့သည့် အလောင်း သို့မဟုတ် တိရစ္ဆာန်သေကိုခွဲစိတ်၍ သေဆုံးရခြင်းအကြောင်းရင်းကို ရှာဖွေ သုတေသနပြုရသည့်လုပ်ငန်းကိုလုပ်ဆောင်ရခြင်း၊
- (၃) ကူးစက်ရောဂါကာကွယ်မှုနှင့် ကုသမှုအစီအစဉ်များကိုပြုရခြင်း။
- ( ဂ ) နည်းဥပဒေခွဲ (က)နှင့်နည်းဥပဒေခွဲ (ခ) တို့ပါကိစ္စများတွင် အထူးမသန်စွမ်းခွင့်ကို ခံစားခွင့်ပြုသည့်အခါ ဆေးအဖွဲ့က ထောက်ခံသည့်ကာလ၏ တစ်စိတ်တစ်ဒေသကို အထူးမသန်စွမ်းခွင့်အဖြစ်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို အခြားခွင့်တစ်မျိုးမျိုး အဖြစ်လည်းကောင်းဆက်စပ်ခွင့်ပြုနိုင်သည်။
- (ဃ) တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မသန်စွမ်းဖြစ်ပြီး နယ်ဘက်တာဝန်များကိုဆက်လက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အထူးမသန်စွမ်းခွင့်ကို စုစုပေါင်း ၂၄ လထက်မပိုစေဘဲ ခံစား ခွင့်ပြုနိုင်သည်။
နည်းဥပဒေ ၁၀၇ ပါ ပြဋ္ဌာန်းချက်အရ-
-
- (က) အောက်ပါဌာနများမှ ကွင်းဆင်းတာဝန်ထမ်းဆောင်ရသည့်ဝန်ထမ်းများသည် ဆေးရုံ ခွင့်ကို ခံစားခွင့်ရှိသည် –
- (၁) သစ်တောဦးစီးဌာနမှတောအုပ်ကြီးအဆင့်နှင့် ယင်းအဆင့်အောက်ဝန်ထမ်းများ၊
- (၂) ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးအဆင့်နှင့် ယင်း အဆင့်အောက်ဝန်ထမ်းများ၊
- (၃) မြေတိုင်းဦးစီးဌာနမှ မြေတိုင်း(၃)အဆင့်နှင့် ယင်းအဆင့်အောက်ဝန်ထမ်းများ။
- (က) အောက်ပါဌာနများမှ ကွင်းဆင်းတာဝန်ထမ်းဆောင်ရသည့်ဝန်ထမ်းများသည် ဆေးရုံ ခွင့်ကို ခံစားခွင့်ရှိသည် –
( ခ ) ယင်းဝန်ထမ်းများအပြင် ဝေးလံခေါင်းဖျားဒေသများသို့ ကွင်းဆင်းလုပ်ကိုင် ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများရှိ ဝန်ထမ်းများကို ဆေးရုံခွင့် ခွင့်ပြုလိုပါက ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ခံစားခွင့်ပြုနိုင်သည်။
နည်းဥပဒေ ၁၀၈ ပါ ပြဋ္ဌာန်းချက်အရ အောက်ပါစည်းကမ်းချက်များနှင့် ညီညွတ်ပါက ဆေးရုံခွင့်ကိုခွင့်ပြုနိုင်သည် –
- (က) မကျန်းမာမှုသည် တာဝန်ဝတ္တရားထမ်းဆောင်မှုကြောင့် ပေါ်ပေါက်လာခြင်း၊
- ( ခ ) မကျန်းမာမှုသည် တာဝန်ဝတ္တရားများဆောင်ရွက်မှုနှင့် ဆက်နွှယ်နေသည့်အကြောင်း များကြောင့် ပေါ်ပေါက်လာသည်ဟု လက်ခံယုံကြည်ရန်အကြောင်းရှိခြင်း၊
- ( ဂ ) မကျန်းမာမှုနှင့်ပတ်သက်၍သက်ဆိုင်ရာဆရာဝန်၏ ထောက်ခံချက်ပါရှိခြင်း။
နည်းဥပဒေ ၁၁၀ ပါ ပြဋ္ဌာန်းချက်အရ ဆေးရုံခွင့်ကာလများကိုရေတွက်ရာတွင်-
- (က) ပျမ်းမျှလစာနှုန်းပြည့်ဖြင့်ခွင့်ပြုပါကအမှန်ဆေးရုံတက်ရောက်ခဲ့သည့်ကာလအားလုံးကို ဆေးရုံခွင့်အဖြစ်သတ်မှတ်ရေတွက်ရမည်။
- ( ခ ) ပျမ်းမျှလစာ၏ ၁/၂ နှုန်းဖြင့်ခွင့်ပြုပါက အမှန်ဆေးရုံတက်ရောက်ခဲ့သည့်ကာလ၏ ထက်ဝက်ကိုသာ ရေတွက်ရမည်။
- ( ဂ ) ဝန်ထမ်းလုပ်သက်၏ သုံးနှစ်ကာလတစ်ရပ်အတွင်း၌ ယင်းသို့ရေတွက်သည့် ဆေးရုံခွင့် ကာလစုစုပေါင်း သုံးလထက်ပို၍ ခွင့်မပြုရ။
နည်းဥပဒေ ၁၁၂ ပါ ပြဋ္ဌာန်းချက်အရ-
- (က) ဆေးရုံခွင့်ကို အခြားခွင့်အမျိုးအစားတို့၏ နောက်မှဆက်၍ခွင့်မပြုရ။
- ( ခ ) သက်ဆိုင်ရာဆရာဝန်၏ မှတ်ချက်ပါရှိပါက အခြားခွင့်အမျိုးအစားများကို ဆေးရုံခွင့် ၏နောက်တွင် ဆက်စပ်၍ခွင့်ပြုနိုင်သည်။
နည်းဥပဒေ ၁၁၅ ပါ ပြဋ္ဌာန်းချက်အရ သင်္ဘောသားနာမကျန်းခွင့်ကို ခွင့်ပြုရာတွင်-
- (က) တာဝန်ဝတ္တရားထမ်းဆောင်ချိန်တွင် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း အတွက် ဆေးလက်မှတ်အထောက်အထားပါရှိရမည်။
- ( ခ ) နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းသည် အောက်ပါအကြောင်း တစ်ရပ်ရပ် ကြောင့် မဟုတ်ကြောင်း ရေယာဉ်တာဝန်ခံအရာရှိက ကျေနပ်ယုံကြည်ရမည် –
- (၁) နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းသည် ဝန်ထမ်းကတမင်ပြုလုပ်မှု သို့မဟုတ်ပေါ့လျော့မှုကြောင့်ဖြစ်ခြင်း၊
- (၂) မူလကရှိပြီးဖြစ်သော ဒဏ်ရာ သို့မဟုတ် နာမကျန်းဖြစ်ခြင်းကို ဝန်ထမ်းက တမင်ပြုလုပ်မှုကြောင့်ဆိုးရွားလာစေခြင်း၊
- (၃) သောက်စားမူးယစ်ပြီးစည်းကမ်းမဲ့နေထိုင်ပြုမူခြင်းကြောင့် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း၊
- (၄) လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းနှင့် မပတ်သက်သည့် အကြောင်းများကြောင့် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း၊
- (၅) ပေါ့လျော့မှုနှင့်လုပ်ငန်းအတွေ့အကြုံနည်းမှုတို့ကြောင့် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း။
နည်းဥပဒေ ၁၁၆ ပါ ပြဋ္ဌာန်းချက်အရ သင်္ဘောသားနာမကျန်းခွင့်ကိုခွင့်ပြုရာတွင်-
- (က) လုပ်သက် သုံးနှစ်ကာလတစ်ရပ်အတွင်း ပျမ်းမျှလစာနှုန်းပြည့်ဖြင့် သင်္ဘောသား နာမကျန်းခွင့် သုံးလအထိခွင့်ပြုရမည်။
- ( ခ ) ခွင့်ပြုသောခွင့်လစာမှ အလုပ်သမားလျော်ကြေးဥပဒေအရ ရခွင့်ရှိသောခံစားခွင့် များကို ခုနှိမ်ရမည်။
- ( ဂ ) အခြားခွင့်အမျိုးအစားများ၏ နောက်မှဆက်၍ ခွင့်မပြုရ။
- (ဃ) သက်ဆိုင်ရာဆရာဝန်၏ထောက်ခံချက်ပါရှိပါကအခြားခွင့်အမျိုးအစားများကို သင်္ဘောသားနာမကျန်းခွင့်၏နောက်မှဆက်စပ်၍ခွင့်ပြုနိုင်သည်။