၅၁။ ရာထူးတစ်ခုမှ ပြောင်းရွှေ့ရသည့်ဝန်ထမ်းသည် ပြောင်းရွှေ့ရသည့်ရာထူးနေရာသို့ သွားနေစဉ် ထပ်မံ၍ အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့ခံရပါက ကူးပြောင်းချိန်ကို မည်သို့ ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၁၂၆ အရ ဝန်ထမ်းသည် ရာထူးတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရသည့်အတွက် ရာထူးသစ်သို့ သွားရောက်နေစဉ် အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားသည့်အမိန့်ကို ထပ်မံရရှိ ခဲ့ပါက ထိုဝန်ထမ်း၏ ကူးပြောင်းချိန်ကို အဆိုပါ ပြောင်းရွှေ့အမိန့် အသစ်ရရှိပြီး နောက်တစ်ရက်မှ စတင်၍ ရေတွက်ရမည်။ သို့ရာတွင် ပထမပြင်ဆင်ရန် ငါးရက်ရရှိပြီးဖြစ်၍ နောက်ထပ်ပြင်ဆင်ရန် ငါးရက်ကို ထပ်မံခွင့်မပြုရ။ ရာထူးသစ်နေရာသို့ရောက်ရှိပြီးမှ နောက်ထပ်ရာထူးသစ်နေရာသို့ ထပ်မံ ပြောင်းရွှေ့ရလျှင်မူ ပြင်ဆင်ရက် ငါးရက် ထပ်မံရခွင့်ရှိမည်ဖြစ်ပါသည်။