၄၆။ ဝန်ထမ်းတစ်ဦးအနေဖြင့် မည်သည့်အခြေအနေမျိုးတွင် ကူးပြောင်းချိန်ကာလကို ခံစားခွင့် ရှိပါသနည်း။
နည်းဥပဒေ ၁၂၁ အရဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသောရာထူး နေရာဒေသမှ ရာထူးသစ်နေရာဒေသတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့်အခါတွင်လည်းကောင်း၊ ခွင့်ခံစားနေသောဝန်ထမ်းကိုယင်းခွင့်ကုန်ဆုံးသည့်အခါ မူလရာထူးသို့ ပြန်လည်ဝင်ရောက်ခြင်း မပြု စေဘဲ ရာထူးသစ်သို့ ပြောင်းရွှေ့ခန့်ထားလိုက်သည့်အခါတွင်လည်းကောင်း ကူးပြောင်းချိန်ကာလကို ခံစားခွင့်ရှိပါသည်။