၃၉။ ဝန်ထမ်းကို လက်ရှိရာထူးမှ အောက်တစ်ဆင့်နိမ့်သော ရာထူးသို့ လျှော့ချခန့်ထားရာတွင် ဖော်ပြရမည့်အချက်များကို ဖော်ပြပါ။
နည်းဥပဒေ ၅၈ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးကိုစာရိတ္တပျက်ပြားခြင်း သို့မဟုတ် လုပ်ရည်ကိုင်ရည်ညံ့ဖျင်းခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ချက်နှင့်အညီ လက်ရှိရာထူးမှ အောက်တစ်ဆင့် နိမ့်သောရာထူးသို့ လျှော့ချခန့်ထားသည့်အခါ အောက်ပါအချက်များကိုတိကျစွာဖော်ပြရမည်-
- (က) တစ်ဆင့်နိမ့်ရာထူးသို့ လျှော့ချခန့်ထားသည့်ကာလ၊
- ( ခ ) မူလရာထူးသို့ပြန်လည်ခန့်ထားသည့် အခါနိမ့်သောရာထူးသို့ လျှော့ချခဲ့သည့်ကာလ သည် နောင်နှစ်တိုးများကိုရွေ့သွားစေခြင်း ရှိမရှိ၊
- ( ဂ ) နောင်နှစ်တိုးများကို ရွေ့သွားစေမည်ဆိုပါက ယင်းသို့ရွေ့စေသည့်ကာလ။