၆၀။ သက်ပြည့်အငြိမ်းစားဝန်ထမ်းတစ်ဦး၏ တတ်ကျွမ်းမှုပညာကို ရယူရန်လိုအပ်သဖြင့် ကျွမ်းကျင်သူအဖြစ် စာချုပ်ချုပ်ဆို၍ ခန့်အပ်သည့်ကိစ္စကို မည်သူထံတင်ပြ၍ ဆောင်ရွက်ရပါသနည်း။
နည်းဥပဒေ ၂၇၂(က) အရ သက်ပြည့်အငြိမ်းစား ဝန်ထမ်း တစ်ဦး၏ တတ်ကျွမ်းမှု ပညာကို ရယူရန်လိုအပ်သဖြင့် ကျွမ်းကျင်သူအဖြစ် စာချုပ်ချုပ်ဆို၍ ခန့်အပ်သည့်ကိစ္စရပ်ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ် ရယူဆောင်ရွက်ရပါမည်။