၄၃။ ရောဂါဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၂၅၄ (ဂ) အရ ရောဂါဆိုသည်မှာ “ဝန်ထမ်းတစ်ဦးက တာဝန်ထမ်းဆောင် ရာတွင် လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်မှုကိုအကြောင်းပြု၍ဖြစ်စေ၊ ပတ်ဝန်းကျင်၏ ဆိုးကျိုး တစ်ရပ်ရပ်ကြောင့်ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ရောဂါတစ်မျိုးမျိုးကိုဆိုသည်။” ကို ဆိုလိုသည်။