၂၅။ လုပ်သက်တစ်နှစ်ပြည့်ပြီး ၅ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန် သွားပါက ဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ပင်စင်အကျိုးခံစားခွင့်မည်မျှရှိပါသနည်း။
နည်းဥပဒေ ၂၅၀ (က)(၁) အရ လုပ်သက်တစ်နှစ်ပြည့်ပြီး ၅ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ယင်းဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့သောလုပ်သက်သည် ၅ နှစ်မပြည့်သည့် အတွက် နောက်ဆုံးထုတ်လစာ၏တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေကို ခံစားခွင့်ရှိသည်။