၁။ ဝန်ထမ်းတစ်ဦးသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ခြင်းကြောင့် တာဝန်မှယာယီရပ်ဆိုင်းထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံနေရစဉ် ကာလအတွင်း အငြိမ်းစားယူရမည့် အသက်ပြည့်ပါက ယင်းအား အငြိမ်းစားယူခွင့်ပြု၍ ရ မရ။
နည်းဥပဒေ ၂၃၁ အရ ဝန်ထမ်းတစ်ဦးသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ကိုကျူးလွန်ခြင်းကြောင့် တာဝန်မှယာယီရပ်ဆိုင်းထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းခံနေရစဉ်ကာလအတွင်း အငြိမ်းစားယူရမည့် အသက်ပြည့်သော်လည်း စုံစမ်း စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ အပြီးသတ်အမိန့်မချမှတ်ရသေးမီ အငြိမ်းစားယူခွင့်မပြုရ။