၁၅။ ဝန်ထမ်းသည် ပြည်ပသို့တာဝန်ဖြင့် သွားရောက်နေသည့်ကာလအတွင်း ပြည်တွင်း၌ ရာထူး တိုးမြှင့်ခန့်ထားခြင်းခံရပါက တိုးမြှင့်ခန့်ထားသည့်ရာထူး၏လစာကို မည်သည့်နေ့ရက်မှ ခွင့်ပြုရ မည်နည်း။
နည်းဥပဒေ ၁၅၁ အရ ဝန်ထမ်းသည် ပြည်ပသို့တာဝန်ဖြင့် သွားရောက်နေသည့်ကာလ အတွက် လစာကို ပြည်ပသို့ မသွားရောက်မီက ခံစားရရှိနေသည့် နှုန်းအတိုင်း ပြည်တွင်း၌ ကျပ်ငွေဖြင့် ခံစားခွင့်ရှိသည်။ ပြည်ပ၌ရှိစဉ် ပြည်တွင်းတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက ယင်းသို့ တိုးမြှင့် ခန့်ထားသည့် ရာထူးလစာကို တိုးမြှင့်ခန့်ထားသည့်နေ့ရက်မှစ၍ ခံစားခွင့်ရှိသည်။