၁၄။ ဌာန၏လုပ်ငန်းဆိုင်ရာလေ့ကျင့်မှုရယူရန်အတွက် ရွေးချယ်စေလွှတ်ခြင်းခံရသည့် ဝန်ထမ်း၏ ပညာသင်ကာလကို မည်သို့သတ်မှတ်ရမည်နည်း။
နည်းဥပဒေ ၁၅၀ အရ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပညာဆက်လက်သင်ကြားရန် သို့မဟုတ် လုပ်ငန်းဆိုင်ရာလေ့ကျင့်မှုများရယူရန် ရွေးချယ်စေလွှတ်ခြင်းခံရသော ဝန်ထမ်း၏ ပညာသင်ကာလတစ်ခုလုံးကို အချိန်ပြည့်တာဝန်ထမ်းဆောင်နေသည့်ကာလအဖြစ် သတ်မှတ်ရမည်။ ထို့အပြင် ပညာသင်ကာလကို အကန့်အသတ်မထားဘဲ ထိုကာလတစ်လျှောက်လုံးတွင် (နှစ်တိုး အပါအဝင်) လစာအပြည့် ခွင့်ပြုရမည်။