၇၉။ ပညာလေ့လာဆည်းပူးခွင့်ဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၁၁၇ ပါ ပြဋ္ဌာန်းချက်အရ ပညာလေ့လာဆည်းပူးခွင့်ဆိုသည်မှာ နိုင်ငံတော်၏ အကျိုးငှာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက အဆိုပြု၍ နိုင်ငံခြားပညာတော်သင် စိစစ် ရွေးချယ်စေလွှတ်ရေးကော်မတီ၏ ထောက်ခံတင်ပြမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် အရပြည်ပတွင်ဒီပလိုမာ၊ ဘွဲ့လွန်၊ ပါရဂူဘွဲ့တက်ရောက်ခြင်း သို့မဟုတ် ပညာရပ်အတွေ့အကြုံ တစ်ခုခုကိုသွားရောက်လေ့လာခြင်းကိုဆိုသည်။