၇၆။ သင်္ဘောသားနာမကျန်းခွင့်ကိုခွင့်ပြုရာတွင် လိုက်နာရမည့်အချက်များကို ဖော်ပြပါ။
နည်းဥပဒေ ၁၁၆ ပါ ပြဋ္ဌာန်းချက်အရ သင်္ဘောသားနာမကျန်းခွင့်ကိုခွင့်ပြုရာတွင်-
- (က) လုပ်သက် သုံးနှစ်ကာလတစ်ရပ်အတွင်း ပျမ်းမျှလစာနှုန်းပြည့်ဖြင့် သင်္ဘောသား နာမကျန်းခွင့် သုံးလအထိခွင့်ပြုရမည်။
- ( ခ ) ခွင့်ပြုသောခွင့်လစာမှ အလုပ်သမားလျော်ကြေးဥပဒေအရ ရခွင့်ရှိသောခံစားခွင့် များကို ခုနှိမ်ရမည်။
- ( ဂ ) အခြားခွင့်အမျိုးအစားများ၏ နောက်မှဆက်၍ ခွင့်မပြုရ။
- (ဃ) သက်ဆိုင်ရာဆရာဝန်၏ထောက်ခံချက်ပါရှိပါကအခြားခွင့်အမျိုးအစားများကို သင်္ဘောသားနာမကျန်းခွင့်၏နောက်မှဆက်စပ်၍ခွင့်ပြုနိုင်သည်။