၄၆။ လစာမဲ့ခွင့်ကို မည်သည့်အခါတွင် ခွင့်ပြုနိုင်သနည်း။
နည်းဥပဒေ ၉၆ ပါ ပြဋ္ဌာန်းချက်အရ လစာမဲ့ခွင့်သည် ဝန်ထမ်း၏ ခွင့်စာရင်း၌အခြားခွင့် အမျိုးအစားများ မကျန်ရှိသည့်အခါ သို့မဟုတ် အခြားခွင့်အမျိုးအစားများရှိသော်လည်း ဝန်ထမ်း ကိုယ်တိုင်က လစာမဲ့ခွင့်ကိုခွင့်ပြုရန်စာဖြင့် တောင်းခံသည့်အခါတွင် ခွင့်ပြုနိုင်ပါသည်။