၉။ ခွင့်ခံစားနေသည့်ဝန်ထမ်းသည် ခွင့်ကာလမကုန်ဆုံးမီ အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်ခွင့် ရှိပါသလား။
နည်းဥပဒေ ၇၈ ပါ ပြဋ္ဌာန်းချက်အရ ခွင့်ခံစားနေသည့်ဝန်ထမ်းသည် မိမိကိုခွင့်ပြုထားသည့် ခွင့်ကာလမကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လိုပါက သက်ဆိုင်ရာခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင်ရောက်နိုင်သည်။