၃၄။ တန်းစီဇယား၏ သက်တမ်းကာလသည် မည်မျှဖြစ်သနည်း။
နည်းဥပဒေ ၄၂ ပါ ပြဋ္ဌာန်းချက်အရ အရည်အချင်းစစ်ဆေးရေးအဖွဲ့က ရေးဆွဲသော တန်းစီ ဇယား၏သက်တမ်းသည် အရည်အချင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးသည့်တာဝန်ရှိသူက လက်မှတ် ရေးထိုး အတည်ပြုပြီးသည့်နေ့မှစ၍ နှစ်နှစ်အထိဖြစ်သည်။ ယင်းတန်းစီဇယား နှစ်နှစ်မပြည့်မီ ဝန်ထမ်းများရာထူးတိုးမြှင့်ပေးရန် မကျန်တော့သည့်အခါတွင် တန်းစီဇယားအသစ် ထပ်မံရေးဆွဲရန် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာနည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။