၃၀။ မည်သည့်ဝန်ထမ်းများကိုသာ လူတွေ့စစ်ဆေးခြင်းပြုလုပ်ရမည်နည်း။
နည်းဥပဒေ ၃၈၊ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ လူတွေ့စစ်ဆေးခြင်းကို နည်းဥပဒေ ၂၉ ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် စစ်ဆေးခြင်းအတွက် အမှတ်ပြည့်၁၀၀၊ အကဲဖြတ်အမှတ်ပေးခြင်း အတွက် အမှတ်ပြည့် ၁၀၀ ပေးထားသည့်အနက် အနည်းဆုံးအမှတ် ၄၀ စီ ရရှိသူများအား ပြုလုပ်ရမည်။