၁၀။ အရည်အချင်းစစ်ဆေးရာတွင် မည်ကဲ့သို့ အမှတ်ပေးသနည်း။
နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ အရည်အချင်းစစ်ဆေးရာ၌ အောက်ပါအမှတ်ပေးစနစ်ကို ကျင့်သုံးရမည် –
- (၁) ရေးဖြေစာမေးပွဲနှင့်လက်တွေ့ပါစစ်ဆေးရာတွင် -ရေးဖြေစာမေးပွဲအမှတ်ပြည့် ၄၀ မှတ်နှင့် လက်တွေ့အမှတ်ပြည့် ၆၀ မှတ် သို့မဟုတ် ရေးဖြေစာမေးပွဲသက်သက် သို့မဟုတ် လက်တွေ့သက်သက်စစ်ဆေး ခြင်းအတွက် အမှတ်ပြည့် ၁၀၀ မှတ် သို့မဟုတ် ဌာနဆိုင်ရာအစီအစဉ်ဖြင့် ကျင်းပသည့် ဌာနဆိုင်ရာစာမေးပွဲ၊ အခြားနည်းစစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ မှတ်
- (၂) အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ မှတ်
- (၃) လုပ်သက်အတွက် အမှတ်ပြည့် ၁၀၀ မှတ်
- (၄) လူတွေ့စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၅၀ မှတ်