၂။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ခံစားနေသည့် ဝန်ထမ်း၏ ရာထူးနေရာတွင် အခြား ဝန်ထမ်းတစ်ဦးအား ခန့်ထားခွင့်ရှိ မရှိ ရှင်းပြပါ။
နည်းဥပဒေ ၄၊ နည်းဥပဒေခွဲငယ် (ဂ) ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ် ပိုင်ဆိုင်ခွင့်ရှိထားသည့်ရာထူး၌ အခြားဝန်ထမ်းတစ်ဦးကို အတည်ပြုခန့်ထားခြင်းမပြုရသော်လည်း အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့်ဝန်ထမ်း၏ရာထူးနေရာ၌ အခြားဝန်ထမ်းတစ်ဦးအား ခန့်ထားခွင့်ရှိမည်ဖြစ်ပါသည်။