နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ နည်းဥပဒေ (၁၃)
၁၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဇယား (၁) တွင်-
- (က) အပိုဒ် (၁) အမှတ်စဉ် (၄) ပါ စာရေးဝန်ထမ်းအဆင့် (၄) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၂ နှစ်” ဆိုသည့်စကားရပ်ကို “၄ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၂) အမှတ်စဉ် (၅) ပါ ကျွမ်းကျင်သူအဆင့် (၅) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၂ နှစ်” ဆိုသည့်စကားရပ်ကို “၄ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၃) အမှတ်စဉ် (၃) ပါ ပညာရှင်အဆင့် (၃) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၄) အမှတ်စဉ် (၂) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့်(၂) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၅) အမှတ်စဉ် (၁) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။
- ( ခ ) အပိုဒ် (၇) ကို အောက်ပါအတိုင်း အစားထိုးရမည် –
- “၇ ။ ဒုတိယညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်များ၌ ရာထူးသက် “၂ နှစ်”၊ ညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်များ၌ ရာထူးသက် “၁ နှစ်” ရှိရမည်။”
ဒေါက်တာမောင်မောင်နိုင်
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့