ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ၂၁
၂၁။ (က) အစည်းအဝေးမှတ်တမ်းများကို အဖွဲ့ရုံးက မှတ်တမ်းတင်ထား ရမည်။
(ခ) အစည်းအဝေးမှတ်တမ်းများကို နောက်တစ်ကြိမ် အစည်းအဝေး တွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။
(ဂ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော အဖွဲ့၏ ဆုံးဖြတ်ချက် များနှင့်
အစည်းအဝေးမှတ်တမ်းများသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များ ဖြစ်သည်။