ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ၅
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
၅။ နိုင်ငံတော်သမ္မတသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များထဲမှ ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးရမည်-
- (က) အသက် ၅၀ နှစ် ပြည့်ပြီးသူ၊၊
- (ခ) အသက်ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
- (ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊
- (ဃ) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊
- (င) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ၊
- (စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
- (ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။