နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၂၇၆
၂၇၆။ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် အိမ်ထောင်သည်ဖြစ်ပါက ဝန်ထမ်း၏ဇနီး၊ ခင်ပွန်း၊ မိဘ နှစ်ဦး၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမတို့ကို ပြည့်စုံစွာရေးသွင်းရမည်။ အိမ်ထောင်မရှိသူ၊ အပျို၊ လူပျို ဖြစ်ပါက ယင်းဝန်ထမ်း၏မိဘနှစ်ဦး၊ ညီအစ်ကိုမောင်နှမ၊ တူ၊တူမ အရင်းအချာများ၊ ယင်းတို့ မရှိပါက တရားဝင်မွေးစားထားသည့် သား ၊ သမီးများ အကျုံးဝင်သည်။