နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၁၄၃
၁၄၃။ (က) ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း၏ ပင်စင်အကျိုးခံစားမှုအတွက် ထည့်ဝင်ကြေးများကို ဝန်ထမ်းအားခေါ်ယူခန့်ထားသည့်အဖွဲ့အစည်းက နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ချက်အတိုင်းပေးသွင်းရမည်။
( ခ ) နည်းဥပဒေခွဲ(က)ပါ ပင်စင်ထည့်ဝင်ကြေးများကို ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင် ရန်အတွက် ဝန်ထမ်းခေါ်ယူခန့်ထားသည့်အဖွဲ့အစည်းက ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင် မပျက်မကွက်ပေးသွင်းရမည်။