နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်) – ပုဒ်မ ၂၁
၂၁။ ဝန်ထမ်းသည်ခွင့်ကာလကုန်ဆုံးသော်လည်း အလုပ်ခွင်သို့ပြန်လည်ဝင်ရောက် လုပ်ကိုင်ခြင်း မရှိပါက ကျော်လွန်သည့်ကာလအတွက် ခွင့်လစာခံစားခွင့်မရှိ။ ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ ခွင့်ရက်ကျော်လွန်ခြင်းဖြစ်ပါက ယင်းဝန်ထမ်းအားစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူ နိုင်သည်။