ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ (၂၀၁၀) ပုဒ်မ ၁၀
၁၀။ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်း တက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊
- ( ခ ) သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊
- ( ဂ ) လေ့ကျင့်ရေးဆိုင်ရာမူဝါဒများရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
- (ဃ) ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း။