ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ မူလပြဌာန်းချက် နည်းဥပဒေ ၃၆
၃၆။ အရာထမ်းလောင်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် ပြန်တမ်းဝင်ရာထူးအဆင့် စတင်ခန့်ရာထူးတွင် ခန့်ထားရန် ရွေးချယ်ခြင်းခံထားရသော အရာထမ်းလောင်းများ တက်ရောက် ရမည်။