ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ မူလပြဌာန်းချက် နည်းဥပဒေ ၃၄
၃၄။ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းသို့ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော အောက်ပါအချက်များနှင့် ပြည့်စုံသည့် လက်ထောက်ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်-
- (က) အသက် ၅၀ နှစ်အောက်ရှိသူ၊
- ( ခ ) အရာထမ်းအခြေခံသင်တန်း သို့မဟုတ် အရာထမ်းလောင်းအခြေခံသင်တန်း (ယခင် အခြေခံဝန်ထမ်းလောင်းသင်တန်း၊ အကြိုဝန်ထမ်းလောင်းသင်တန်း) တစ်ခုခု တက်ရောက်ပြီးသူ၊
- ( ဂ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊
- (ဃ) လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းဖြစ်ပါက ထိုရာထူးတွင် လုပ်သက် အနည်းဆုံးနှစ် နှစ်ရှိသူ၊
- ( င ) ကျန်းမာရေးနှင့်ပြည့်စုံသူ။