၉။ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း၏ ပင်စင်အကျိုးခံစားမှုအတွက် ပင်စင် ထည့်ဝင်ကြေးများကို မည်သူမှ ပေးသွင်းရမည်နည်း။
နည်းဥပဒေ ၁၄၃၊ နည်းဥပဒေခွဲ (က) နှင့်နည်းဥပဒေခွဲ (ခ) တို့အရ-
- (က) ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း၏ ပင်စင်အကျိုးခံစားမှု အတွက် ထည့်ဝင်ကြေးများကို ဝန်ထမ်းအား ခေါ်ယူခန့်ထားသည့်အဖွဲ့အစည်းက နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ချက်အတိုင်းပေးသွင်းရမည်။
- (ခ) နည်းဥပဒေခွဲ (က) ပါ ပင်စင်ထည့်ဝင်ကြေးများကို ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင် ရန်အတွက် ဝန်ထမ်းခေါ်ယူခန့်ထားသည့် အဖွဲ့အစည်းက ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင် မပျက်မကွက်ပေးသွင်းရမည်။