၈၄။ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ရေးသွင်းထားသည့်အချက်ကို မည်သူ၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်၍ ရပါသနည်း။
နည်းဥပဒေ ၂၈၂ အရ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ရေးသွင်းထားသည့်အချက်ကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ယင်းကတာဝန်ပေးအပ်သူသည် ပြင်ဆင်ရေးသွင်းချက် များကို သေသပ်ရှင်းလင်းစွာပြင်ဆင်ရေးသားစေ၍ ယင်းသို့ပြင်ဆင်ခြင်းကို အတည်ပြု လက်မှတ် ရေးထိုးထားရန် တာဝန်ရှိသည်။