၈၃။ ဝန်ထမ်းပြစ်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် ဝန်ထမ်းအမှုထမ်းသက် ပြတ်တောက်ခြင်းကိစ္စ များနှင့်စပ်လျဉ်း၍ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၂၈၁ အရ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃ ပါပြစ်ဒဏ်များချမှတ်ခြင်း သို့မဟုတ် ဝန်ထမ်းအမှုထမ်းသက် ပြတ်တောက်ခြင်းကိစ္စရပ်များအတွက် ရက်စွဲနှင့် ကာလတို့ကို အသေးစိတ် ဖော်ပြ၍ သက်ဆိုင်ရာအမိန့်စာအမှတ်၊ ရက်စွဲတို့နှင့်အတူ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင်ထားရမည်။ ပြစ်ဒဏ်ချမှတ်ရသည့်အကြောင်းရင်းကိုလည်း အကျဉ်းချုပ်ဖော်ပြရမည်။