၇၈။ သင်္ဘောသားနာမကျန်းခွင့်ကို အခြားခွင့်များနှင့်ဆက်စပ်ခွင့်ပြုနိုင်ပါသလား။
နည်းဥပဒေ ၁၁၆၊ နည်းဥပဒေခွဲ (ဂ) နှင့် နည်းဥပဒေခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက်များအရ အခြားခွင့်အမျိုးအစားများ၏ နောက်မှဆက်၍ ခွင့်မပြုရသော်လည်း သက်ဆိုင်ရာဆရာဝန်၏ ထောက်ခံချက်ပါရှိပါကအခြားခွင့်အမျိုးအစားများကို သင်္ဘောသားနာမကျန်းခွင့်၏ နောက်မှ ဆက်စပ်၍ ခွင့်ပြုနိုင်သည်။