၇၈။ ဝန်ထမ်းသည် မွေးဖွားသည့်ခုနှစ်နှင့်လကိုသာသိ၍ မွေးဖွားသည့်ရက်စွဲကိုမသိသည့်အတွက် မည်သည့်နေ့ရက်ကို မွေးဖွားသည့်နေ့ရက်ဟု မှတ်ယူရမည်နည်း။
နည်းဥပဒေ ၂၇၈(ခ)အရ ဝန်ထမ်းသည် မွေးဖွားသည့်ခုနှစ်နှင့်လကိုသာသိ၍ မွေးဖွားသည့် ရက်စွဲကို မသိသည့် ဝန်ထမ်း၏ကိစ္စတွင် ထိုမွေးဖွားသည့်လ၏ ၁၆ ရက်နေ့ကို မွေးဖွားသည့် ရက်စွဲအဖြစ် မှတ်ယူရမည်။